ဟွန်ဆန်၏သား ဒုတိယဗိုလ်ချုပ်ကြီး ဟွန်မန်နက်နှင့်ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံ သီးခြား​တွေ့ဆုံ

0
814

ကမ္ဘောဒီးယား ဘုရင့်တပ်မတော် (RCAF) ၏ ဒုတိယ စစ်ဦးစီးချုပ်နှင့် ကမ္ဘောဒီးယား တော်ဝင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဟွန်မန်နက်(က​မ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏သား) နှင့် 

မြန်မာ့တပ်မတော် အမှတ် (၅) အထူးစစ်ဆင်ရေးရုံး ကွပ်ကဲရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံတို့ နှစ်ဖက်တွေ့ဆုံမှုတွင် “မြန်မာနိုင်ငံအနေနဲ့ ပြဿနာတွေကို အမြန်ဆုံးဖြေရှင်းပြီး ပုံမှန်ပြန်ဖြစ်လာတာမြင်​တွေ့လိုလှပါတယ်”ဟု ဟွန်မန်နက်ကပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့၌ နိုဝင်ဘာ၁၀ရက်​နေ့တွင် ကျင်းပခဲ့​သော ၂၃ ကြိမ်မြောက် အာဆီယံ တပ်မတော်  ကာကွယ်ရေး ဦးစီးချုပ်များ ဘက်စုံအစည်းအဝေး (ACAMM-23) ၏ ပြင်ပတွင်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဒေသတွင်းနှင့် ကမ္ဘာ့လုံခြုံရေးဆိုင်ရာ အဓိကကိစ္စရပ်များကို ဆွေးနွေးစဉ်တွင် ဒုတိယဗိုလ်ချုပ်ကြီး ဟွန်မန်နက်က “ RCAF သည် နှစ်နိုင်ငံအစိုးရနှင့် ကာကွယ်ရေးဝန်ကြီးဌာနများ၏ လုံခြုံရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာတွင် ပံ့ပိုးကူညီရန် အသင့်ရှိကြောင်း”ပြောကြားခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံကလည်း အာဆီယံဥက္ကဋ္ဌဖြစ်​နေသည့် က​မ္ဘောဒီးယားအ​နေဖြင့် ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် အကူအညီများ ပေးအပ်ခဲ့မူအား ကျေးဇူးတင်ရှိကြောင်း၊

နှစ်နိုင်ငံနှင့် ဒေသတွင်း မူဘောင်နှစ်ရပ်စလုံးတွင် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်ပါကြောင်း”ပြောကြားခဲ့သည်။

ဟွန်မန်နက်သည် အခြားအာဆီယံနိုင်ငံများမှ ကာကွယ်​ရေးဦးစီးချုပ်များနှင့်လည်းသီးခြား ​တွေ့ဆုံခဲ့သည်။

Ref:khmertimeskh


LEAVE A REPLY

Please enter your comment!
Please enter your name here