၂၀၀၀ ကျပ်အထက်၌ တစ်ပတ်ကျော်ကြာရှိနေခဲ့သည့် စက်သုံးဆီစျေးနှုန်း ယနေ့တွင် ၁၉၈၅ ကျပ်သို့ပြန်လည်ကျဆင်း

0
258

စက်သုံးဆီစျေးနှုန်းများ နိုဝင်ဘာ ၃ ရက်မှစတင် ၍ ၁၀ ရက်နေ့အထိ တစ်လီတာလျင် ၂၀၀၀ ကျပ်အထက်၌ ရပ်တန့်နေခဲ့ရာမှ နိုဝင်ဘာ ၁၁ ရက်(ယ နေ့)တွင် တစ်လီတာလျင်ငွေကျပ် ၂၀၀၀ အောက်သို့ပြန်လည်ကျဆင်းလာခဲ့သည်။

ရန်ကုန်တိုင်းအတွင်း၌ နိုဝင်ဘာ ၁၁ ရက်(ယနေ့)တွင် 92 Ron တစ်လီတာလျင် ၁၉၈၅ ကျပ်ဖြင့်ရောင်းချပေးလျက်ရှိသည်ကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီမှထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းများအရ သိရသည်။

ထို့ပြင် ပဲခူးတိုင်းတွင်လည်း 92 Ron တစ်လီတာလျင် ၁၉၉၅ ကျပ်ဖြင့်ရောင်းချကာ မန္တလေး၊နေ ပြည်တော်၊မကွေး၊ပုသိမ်၊ထား ဝယ်၊မုံရွာ၊ဘားအံ၊မော်လမြိုင်၊လားရှိုး၊တောင်ကြီး၊လွိုင်ကော်၊မြစ်ကြီးနား၊စစ်တွေ၊ဟားခါးတို့၌ 92 Ron တစ်လီတာလျင် ငွေကျပ် ၂၀၀၀ အထက်ရှိခဲ့ပြီး ကျိုင်းတုံမြို့မှာ ၃၀၀၀ ကျင်နီးပါးခန့်ရှိကြောင်း သိရသည်။

ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန်ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၁၉၈၅ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၁၀၅ ကျပ်၊ HSD(500 ppm)မှာ တစ်လီတာလျင် ၂၅၅၅ ကျပ်သတ်မှတ်ခဲ့သည်။

အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တိုမှာ တစ်လီတာလျင် ၂၆၃၀ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ် မှတ်ခဲ့သည်။

ထိုပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၁၈၈၇ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၀၀၃ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၂၄၄၀ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တိုမှာ တစ်လီတာလျင် ၂၅၁၂ ကျပ်တို့ဖြစ်သည်။

အဆိုပါ စျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော် မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက် ချက်ထားခြင်းဖြစ်သည်။

ယခင်အပတ် တန်​ဆောင်တိုင်ပွဲ​တော်ပိတ်ရက် ခရီသွားများက “အားလပ်ရက်ခရီးထွက်ချင်တဲ့အချိန်မှာ ဆီ​​စျေးတက်​တော့ ​ပျော်ဖို့​တောင်စိတ်​မော​နေရတဲ့ဘဝပါ။အားလပ်ရက်​တွေမှာ ဆီ​စျေးမတက်ရင် ဆီသမား​တွေကို အသိအမှတ်ပြု သာဓု​ခေါ်ပါ့မယ်”ဟုဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here