YUPT ကုမ္ပဏီမှ YBS ယာဉ်လိုင်း (၄) ခုတွင် ယာဉ်အသစ်များဖြင့် အစားထိုးပြေးဆွဲမှု ယနေ့စတင်

0
291

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြေးဆွဲမှု ရပ်နားခဲ့သည့် YUPT ကုမ္ပဏီပိုင် ယာဉ်လိုင်း (၄) ခုတွင် ယာဉ်အသစ်များ အစားထိုးကာ ယနေ့ နိုဝင်ဘာ (၁၁) ရက်တွင် ပြန် လည်ပြေးဆွဲပေးနေကြောင်း သိရသည်။

YUPT လက်အောက်ရှိ YBS ယာဉ်လိုင်းများဖြစ်သည့် ၁၅, ၁၇, ၂၆ နှင့် ၁၁၄ ယာဉ်လိုင်းများကို နိုဝင်ဘာ (၉) ရက်နှင့် (၁၀) ရက် တို့တွင် ပြေးဆွဲမှုရပ်နားခဲ့ခြင်းဖြစ်ပြီး ယာဉ်အ သစ်များဖြင့် အစားထိုးပြေးဆွဲရန်ရပ်နားခဲ့ခြင်းဖြစ်ကြော င်း YUPT မှ တာဝန်ရှိသူက နိုဝင်ဘာ (၁၀) ရက် နေ့လယ်ပိုင်းက ပြောသည်။

” မနက်ဖြန်မှာ ကားအသစ်တွေနဲ့ အစားထိုးဆွဲမှာပါ ” ဟု YUPT ကုမ္ပဏီ လက်ထောက်အထွေထွေမန်နေဂျာ ဦးစိုးမြင့်ကျော်က ပြောသည်။

အဆိုပါ ယာဉ်လိုင်းများတွင် ယခင်က ပြေးဆွဲပေးနေသ ည့် Hyundai city bus (ဝါ၊ စိမ်း၊ နီ)များကို ပြေးဆွဲမှု ရပ် နားကာ Yutong နဲ့ Ankai အမျိုးအစား မော်တော်ယာဉ်အသစ်များဖြင့် နိုဝင်ဘာ (၁၁) ရက်မှ စတင်ကာ ပြန်လ ည် ပြေးဆွဲပေးနေကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ယာဉ်လိုင်းများ၌ Yutong နဲ့ Ankai အမျိုးအစား မော်တော်ယာဉ် အစီးရေ (၄၀) ဖြင့် ပြန်လ ည် အစားထိုး ပြေးဆွဲပေးနေပြီး ယာဉ်လိုင်း (၁) ခုလျင် (၁၀) စီးနှုန်းဖြင့် ပြေးဆွဲပေးရန် စီစဉ်ထားခြင်းဖြစ်ကြော င်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here