အင်္ဂလန်တွင် လူ ၇ သန်းကျော် ဆေးရုံတက်ခွင့်ရရန် စောင့်ဆိုင်းနေရ

0
327

လန်ဒန်၊ နိုဝင်ဘာ ၁၀

အင်္ဂလန်နိုင်ငံ၏ အစိုးရပိုင် ကျန်းမာရေးစင်တာတွင် ဆေးကုသမှုခံယူရန် စောင့်ဆိုင်းနေသော လူနာစာရင်းမှာ ၇ ဒသမ ၁ သန်းဖြင့် စံချိန်တင် အမြင့်ဆုံးဖြစ်လာကြောင်း တရားဝင် ကိန်းဂဏန်းများက နိုဝင်ဘာလ ၁၀ ရက် ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

အမျိုးသား ကျန်းမာရေးဝန်ဆောင်မှုဌာန (အန်အိတ်ချ်အက်စ်) သည် ကိုဗစ်လက်ကျန် အလုပ်ကြွေးများကို ဖြေရှင်းရန် ရုန်းကန်နေရသောကြောင့် ကင်ဆာ အပါအဝင် ဆေးစစ်ခြင်းများ၊ ပုံမှန်ကုသမှုများနှင့် အရေးပေါ်စောင့်ရှောက်မှုများ ပြုလုပ်နိုင်ရန် လူနာများအား အချိန်အတော်ကြာ စောင့်ဆိုင်း ခိုင်းထားရသည်။

ထို့ကြောင့် စက်တင်ဘာလကုန်တွင် ဆေးရုံတက် ကုသမှုခံယူရန် စောင့်ဆိုင်းသူစာရင်းမှာ တစ်သိန်းမှ ၇ ဒသမ ၁ သန်း အထိ မြင့်တက်လာပြီး ၂၀၀၇ ခုနှစ်တွင် စတင် စစ်တမ်း ကောက်ယူပြီးနောက်ပိုင်း အမြင့်ဆုံး ဖြစ်လာသည်။

ပျမ်းမျှအားဖြင့် စာရင်းသွင်းထားသူ ၁၈ ယောက်ထဲမှ တစ်ယောက်မှာ ဆေးရုံတက် ကုသမှုခံယူရန်အတွက် တစ်နှစ်ကျော်ကြာ စောင့်ဆိုင်းနေရကြောင်း အန်အိတ်ချ်အက်စ်က ဆိုသည်။

အင်္ဂလန်တွင် ဆောင်းဝင်လာသည်နှင့် အမျှ တုတ်ကွေးရောဂါ ကဲသို့သော ရာသီဗိုင်းရပ်စ်ပိုးများ တိုးလာမည့်အချိန်တွင် သူနာပြုများသည်လည်း ပထမဆုံးသော လုပ်ခလစာတိုးမြင့်ပေးရေး ဆန္ဒပြပွဲများ ပြုလုပ်ရန် စီစဉ်နေသောကြောင့် အခြေအနေများမှာ လတ်တလော တိုးတက်လာနိုင်ဖွယ် မရှိပေ။

SourceCNA


LEAVE A REPLY

Please enter your comment!
Please enter your name here