တွစ်တာ ဒေဝါလီခံရနိုင်ကြောင်း အီလွန်မတ်စ် သတိပေး

0
309

အီလွန်မတ်စ်သည် တွစ်တာမှ အကြီးတန်း အရာရှိများ နုတ်ထွက်‌နေကြသဖြင့်ကုမ္ပဏီမှာ ဒေဝါလီ မခံရဟု မဆိုနိုင်ကြောင်း နိုဝင်ဘာ ၁၀ ရက် ကြာသပတေးနေ့က ပြောကြားခဲ့သည်။

တွစ်တာ၏ ထိပ်တန်း လုံခြုံရေးနှင့် ဥပဒေ လိုက်နာစေရေး အရာရှိများသည်လည်း ကြာသပတေးနေ့က နုတ်ထွက်ခဲ့ကြောင်း သိရသည်။

တွစ်တာအား ဝယ်ယူပြီးနောက် နှစ်ပတ်အကြာတွင် မက်စ်က ဒေဝါလီခံရမည့် အခြေအနေကို ကြိုတင် ကာကွယ်နိုင်စွမ်း မရှိကြောင်း တွစ်တာ ဝန်ထမ်းများအား သတိပေးခဲ့သည်ဟု ဘလွန်းဘတ် သတင်းဌာနက ဖော်ပြခဲ့သည်။

ကုမ္ပဏီသည် လာမည့်ဘဏ္ဍာနှစ်တွင် ဒေါ်လာဘီလျံပေါင်းများစွာ ဆုံးရှုံးနိုင်သည်ဟု ၎င်းက ဆိုသည်။သူတာဝန်ယူပြီးနောက်ပိုင်း ကုမ္ပဏီမှ ကြော်ငြာရှင်များ ထွက်ခွာသွားသောကြောင့် တစ်နေ့လျှင် ဒေါ်လာလေးသန်းကျော် ဆုံးရှုံးနေရကြောင်း မတ်စ်က ပြောခဲ့သည်။ 

မက်စ်က ဝန်ထမ်းများကိုလည်း တစ်ပတ်လျှင် အနည်းဆုံး နာရီ လေးဆယ် ရုံးထိုင် အလုပ်လုပ်ရန်နှင့် ဝေးလံသော နေရာများမှ အလုပ်လုပ်ခြင်းကိုလည်း ခွင်မပြုတော့ကြောင်း ပြောခဲ့သည်။

Source: Wionews


LEAVE A REPLY

Please enter your comment!
Please enter your name here