ရန်ကုန်မြို့ရှိ ခရီးသည်တင် YBS များရပ်တန့်သည့် မှတ်တိုင် ၁၈ ခုတွင် အဌားကားနှင့်အခြားကားများရပ်နားမှုအား စည်းကမ်းထိန်းသိမ်းကြပ်မတ်သွားမည်

0
363

ရန်ကုန်မြို့ရှိ ခရီးသည်တင် YBS ကားများရပ်တန့်သည့် မှတ်တိုင် ၁၈ ခုတွင် အဌားကားနှင့်အခြားကားများရပ်နားမှုအား စည်းကမ်းထိန်းသိမ်းကြပ် မတ်သွားမည်ဟု န်ိုဝင်ဘာ ၁၁ ရက်ကပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၊သုတေသနပြုရေးနှင့်ကျန်းမာရေးဆပ်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းမှ သိရသည်။

ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာပလာဇာမှတ်တိုင်၊ကမ္ဘာအေးဘုရားလမ်းမှတ်တိုင်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ သမိုင်းလမ်းဆုံမှတ်တိုင်၊ Junction 8 မှတ်တိုင်၊သမိုင်းဘူတာရုံလမ်းမှတ်တိုင်၊ဘုရင့်နောင်လမ်းဆုံမှတ်တိုင်၊ ပြည်လမ်းရှိ ကိုးမိုင်မှတ် တိုင်၊ဆယ်မိုင်ကုန်းမှတ်တိုင်၊စော်ဘွားကြီးကုန်း မှတ်တိုင်၊ အောက်မင်္ဂလာဒုံလမ်းရှိ ဒညင်းကုန်း လမ်းဆုံမှတ်တိုင်တို့တွင် အဌားကားနှင့်အခြားကားများရပ်တန့်မှုများရှိနေသည်။

ထို့ပြင် ဘုရင့်နောင်လမ်းရှိ သီရိမင်္ဂလာဈေးသစ် မှတ်တိုင်၊ကြည့်မြင်တိုင်ညဈေးမှတ်တိုင်၊ ဗညားဒလမ်းရှိ ယုဇနပလာဇာမှတ်တိုင်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဗိုလ်ချုပ်ဈေးရှေ့မှတ်တိုင်၊ အနော်ရထာလမ်းရှိ ဘားလမ်းမှတ်တိုင်၊ မဟာဗန္ဓုလလမ်းရှိ ပန်းဆိုးတန်းမှတ်တိုင်၊ ကမ်းနာလမ်းရှိ ဗိုလ်တထောင်ဘုရားမှတ်တိုင်နှင့်ဗားကရာလမ်းရှိ မြေနီကုန်းမှတ်တိုင်တို့တွင်လည်း အဌားကားများနှင့်အခြားကားများရပ်တန့်မှုများရှိနေကြောင်း သိရသည်။

ထိုသို့ ရပ်တန့်ထားမှုကြောင့် ခရီးသည်တင် YBS ကားများသည် ခရီးသည်တင်ချရန်ရပ်တန့်ရာ၌ အလယ်လမ်းကြောတွင်သာရပ်တန့်၍ ခရီးသည်တင်ချနေရပြီး ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ရှိနေသဖြင့် စည်းကမ်းထိန်းသိမ်းကြပ်မတ်သွားမည်ဖြစ်သည်။

ထို့ပြင် မီးပွိုင့်နှင့်နီးကပ်သည့် မှတ်တိုင်များအ နက် ကမ္ဘာအေးဘုရားလမ်းမှအရှေ့ရွှေဂုံတိုင်လမ်းဘက်သို့အကွေ့ ရွှေဂုံတိုင်မှတ်တိုင်၊ ဗိုလ်တထောင်ဘုရားလမ်းမှကမ်းနားလမ်းသို့အကွေ့ ဗိုလ်တထောင်ဘုရားလမ်းမှတ်တိုင်၊ ပြည်လမ်းမှလမ်းသစ်လမ်းသို့အကွေ့ စော်ဘွားကြီးကုန်းမှတ်တိုင်၊ ဗားကရာလမ်းမှဓမ္မစေတီလမ်းဘက်သို့ အသွား မြေနီကုန်းမှတ်တိုင်တို့သည် မီးပွိုင့်နှင့်နီးကပ်နေ၍ မီးပွိုင့်လွှတ်ချိန်တွင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ခြင်းအား ပြန်လည်သုံးသပ်၍ နေရာရွှေ့ပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂ လိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီမှတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here