မြန်မာနိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးရေးနှင့်မွေးမြူ ရေးထွက်ကုန်များ၊တွင်းထွက်နှင့်သဘာဝသယံ ဇာတပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်ကုန်များအ ဖြစ်ထုတ်လုပ်၍ ရုရှားနိုင်ငံသို့ တင်ပို့ရောင်းချရန်ဆွေးနွေး

0
185

နစက ဥက္ကဋ္ဌ၊ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ရုရှားနိုင်ငံ၊ရော့စ်ကွန်ဂရက်ရင်းနှီး မြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ ညွှန်ကြားရေးမှူး SHATIROV Alexander Sergeevich တို့တွေ့ဆုံစဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌအား ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့၏ ညွှန်ကြားရေးမှူး SHATIROV Alexander Sergeevich ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့က နိုဝင်ဘာ ၁၁ ရက်(ယနေ့)နေ့လည်ပိုင်းက နေပြည်တော်၌ လာရောက်ဂါရဝပြုတွေ့ ဆုံခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံဘဏ္ဍာရေးနှင့်ငွေကြေးစနစ်ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ရုရှားနိုင်ငံမှ မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီး မြှုပ်နှံမှုများ ဆောင်ရွက်မည့်ကိစ္စများ၊မြန်မာနိုင် ငံမှ ထွက်ရှိသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေး ထွက်ကုန်များ၊တွင်းထွက်နှင့်သဘာဝသယံဇာတ ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်ထုတ်လုပ်၍ ရုရှားနိုင်ငံသို့ တင်ပို့ ရောင်းချရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရေးနှင့်ရှေ့ ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးဝင်းရှိန်၊ဦးတင်ထွဋ်ဦး၊ဦးလှမိုး၊ဦးခင်မောင်ရီ၊မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်း ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးညိုစောနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ရုရှားနိုင်ငံ၊ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံ ငွေအဖွဲ့၏ ညွှန်ကြားရေးမှူး SHATIROV Alexander Sergeevich နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here