ရှားပါးသော နားရွက်ရှည်ဇီးကွက် တစ်ကောင်ကို ငါးဖမ်းသမားများ ကယ်တင်နိုင်ခဲ့

0
304

ငါးဖမ်းသင်္ဘောတစ်စီးမှ သင်္ဘောသားများသည် စကော့တလန် ကမ်းခြေမှ ကီလိုမီတာ ၁၅၀ ခန့်ဝေးကွာသော ပင်လယ်ပြင်တစ်နေရာဝယ် ရှားပါး သက်ရှိ မျိုးစိတ်တစ်ခုဖြစ်သည့် နားရွက်ရှည် ဇီးကွက်တစ်ကောင်ကို ပင်လယ်စင်ရော်များ တိုက်ခိုက်နေခြင်းမှ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကယ်တင်နိုင်ခဲ့သည်။

ပင်လယ်စင်ရော်များ၏ ထိုးဆိတ်မှုကြောင့် အဆိုပါဇီးကွက်တွင် ဒဏ်ရာအချို့ရရှိထားသော်လည်း Benarkle II ငါးဖမ်းသင်္ဘောမှ သင်္ဘောသားများက သင်္ဘောပေါ်တွင် ကောင်းမွန်စွာထားရှိကာ၊ ခရီးစဉ်တလျှောက် စောင့်ရှောက် ခေါ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

“ဇီးကွက်ဟာ မစိုးရိမ်ရ ဒဏ်ရာအချို့ရရှိထားပြီး၊ ပင်ပန်းနွမ်းနယ်နေခဲ့ပေမယ့် ခုတော့ ကျွန်တော်တို့ သင်္ဘောပေါ်မှာ ပျော်ပျော်ရွှင်ရွှင်ပဲရှိနေပါပြီ”ဟု သင်္ဘောသားတစ်ဦးကပြောသည်။

အဆိုပါ နားရွက်ရှည်ဇီးကွက်မျိုးစိတ်သည် ဗြိတိန်နိုင်ငံတစ်နိုင်ငံလုံးတွင် အကောင်ရေစုံတွဲ ၁၁၀၀ မျှသာကျန်ရှိတော့ကြောင်းသိရသည်။

Source: Long-eared Owl rescued by fishing crew 150 km offshore


LEAVE A REPLY

Please enter your comment!
Please enter your name here