စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းစျေးနှုန်းအား ၆၃၀၀၀၀ ကျပ်အဖြစ်သတ်မှတ်

0
337

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က နို ဝင်ဘာ ၁၁ ရက်တွင် တောင်သူလယ်သမားအခွင့် အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။

အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ၍ အဖျင်း၊အမှော်၊ဖုန်၊သဲ၊ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ် မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် တစ်တင်း (၄၆)ပေါင်ကိုက် စပါးတင်း(၁၀၀)၏ အခြေခံရည် ညွှန်းစပါးဈေးနှုန်းအား ၆၃၀၀၀၀ ကျပ်အဖြစ် သတ်မှတ်ခဲ့သည်။

သတ်မှတ်ခဲ့သည့် အခြေခံရည်ညွှန်းစပါးစျေးနှုန်း ၆၃၀၀၀၀ ကျပ်သည်  ၂၀၂၂ ခုနှစ် မိုးစပါးနှင့် ၂၀၂၃ ခုနှစ် နွေစပါးတို့အတွက် ရည်ရွယ်ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဈေးကွက်ပေါက်ဈေးသည် အခြေခံရည် ညွှန်းစပါးဈေးနှုန်းအပေါ်တွင်ဖြစ်ပါက ဈေးကွက် ပေါက်ဈေးအတိုင်းဝယ်ယူရန်နှင့်ဈေးကွက်ပေါက် ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးနှုန်းအောက်တွင်ရှိပါက အခြေခံဈေးနှုန်းအတိုင်းဝယ်ယူရမည်ဟု တောင်သူလယ်သမားအခွင့်အရေးကာကွယ် ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ကထုတ်ပြန်ခဲ့သည်။

အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချရန်အခက် အခဲရှိသည့် တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ် စားလှယ်များ(သို့)အသင်းချုပ် ရုံးချုပ် ဖုန်း ၀၁-၂၃၀၁၁၂၈၊ ၀၁-၂၃၀၁၁၂၉၊ ၀၁-၂၁၈၂၆၆ တို့သို့ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူ လယ်သမားများအတွက် သင့်တင့်မျှတသော ဈေးနှုန်းနှင့်ဈေးကွက်ဖြစ်ပေါ်စေရန် စိုက်ပျိုးထုတ်လုပ်မည့် စပါးသီးနှံအတွက် အခြေခံရည် ညွှန်းစပါးဈေးနှုန်းကို တောင်သူလယ်သမားအ ခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Photo Credit – Myanmar Digital News


LEAVE A REPLY

Please enter your comment!
Please enter your name here