ဖိလစ်ပိုင်သမ္မတနှင့် ကမ္ဘောဒီးယားစီးပွားရေးသမားများ နံနက်စာစားရင်း​တွေ့ဆုံ

0
87

ဖိလစ်ပိုင်သမ္မတ ဂျူနီယာမားကို့စ်သည် အာဆီယံထိပ်သီးအစည်းအဝေးတက်​ရောက်ရန် ဗုဒ္ဓဟူးနေ့ညက ဖနွမ်းပင်မြို့သို့ ရောက်ရှိခဲ့ပြီး ၎င်း၏ ပထမဆုံးသော အလုပ်မှာ  ကမ္ဘောဒီးယား၌သြဇာကြီး​သော စီးပွားရေးခေါင်းဆောင်များနှင့် နံနက်စာသုံးခြင်းဖြစ်သည်။

ကြာသပ​တေးနေ့ နံနက်ပိုင်း၌ ကမ္ဘောဒီးယားနိုင်ငံမှ ထိပ်တန်း CEO များပါဝင်​သော အစည်း​ဝေးတွင် နှစ်နိုင်ငံကြား စိုက်ပျိုးရေး၊ အစားအစာ ပြုပြင်ထုတ်လုပ်ရေး၊ BPO၊ ဒစ်ဂျစ်တယ်စနစ်နှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ 

ဖိလစ်ပိုင်အစိုးရဖက်မှ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး၊ အောက်လွှတ်တော်ဥက္ကဋ္ဌ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ် နှင့် သမ္မတ၏သား ဖာဒီနန် အလက္ကဇန္ဒား မားကို့စ် တို့ ပါဝင်သည်။

“ကျွန်တော်တို့က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေတင်မကဘူး၊ စျေးကွက် အလားအလာရှိတဲ့ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကိုလည်း အားပေးတယ်။လူတစ်ရာ့ခုနစ်သန်းရှိတဲ့စျေးကွက်က ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တယ်” ဟု သမ္မတက ပြောကြားခဲ့သည်။

Ref:khmertimeskh


LEAVE A REPLY

Please enter your comment!
Please enter your name here