ပထမဆုံးကူးစက်ခြင်းထက် ဒုတိယအကြိမ် ထပ်မံကူးစက်ဖြစ်ပွားသည့်ကိုဗစ်က ပိုအန္တရာယ်ရှိကြောင်းလေ့လာတွေ့ ရှိ

0
195

လေ့လာတွေ့ရှိချက်အရ ကာကွယ်ဆေးထိုးခြင်း၊မထိုးခြင်းနှင့်မသက်ဆိုင်ဘဲ ပထမဆုံးအကြိမ်ကူးစက်သည့် ကိုဗစ်ရောဂါထက် ဒုတိယအကြိမ်ထပ်မံကူးစက်ကာ ဖြစ်ပွားသည့်ကိုဗစ်ရောဂါသည် သေဆုံးနိုင်ခြေ၊ဆေးရုံတက်ကုသမှုခံယူရနိုင်ခြေနှင့် ပြင်းထန်သောကျန်းမာရေးပြဿနာများ ဖြစ်ပေါ်နိုင်ခြေပိုများကြောင်းတွေ့ရှိရသည်ဟု နိုဝင်ဘာ ၁၀ ရက်နေ့ကထုတ်ပြန်သော လေ့လာမှုတစ်ခုအရသိရှိရသည်။

ကိုဗစ်ရောဂါပြန်လည်ကူးစက်ခံရသူများသည် ပထမဆုံးအကြိမ်ကူးစက်ခံရသူများနှင့်နှိုင်းယှဉ်ပါက သေဆုံးနိုင်ချေနှစ်ဆရှိပြီး ဆေးရုံတက်ကုသမှုခံယူရနိုင်ခြေ သုံးဆပိုများကြောင်းဖော်ပြထားသည်။

ထို့ပြင်၎င်းတို့သည် အဆုတ်၊နှလုံး၊သွေး၊ကျောက်ကပ်၊ဆီးချိုရောဂါ၊စိတ်ကျန်းမာရေး၊အရိုး၊ကြွက်သားများနှင့် အာရုံကြောချို့ယွင်းမှုဆိုင်ရာပြဿနာများအတွက်ပါ အန္တရာယ်ပိုများကြောင်း Nature Medicine ကထုတ်ပြန်သည့် အစီရင်ခံစာအရသိရှိရသည်။

“တစ်ကြိမ်ကူးစက်ခံရပြီးလို့ ပြန်သက်သာလာပြီး ကာကွယ်ဆေးထိုးထားလို့ ခံနိုင်ရည်ကနှစ်ဆမြင့်နေရင်တောင် ပြန်ကူးစက်ခံရရင် ပိုဆိုးတဲ့အခြေနေတွေဖြစ်နိုင်ပါသေးတယ်” ဟု လေ့လာမှုခေါင်းဆောင် အယ်လ်အလီကပြောကြားခဲ့သည်။

ထပ်မံကူးစက်ခံရသူများတွင် အဆုတ်ပြဿနာဖြစ်ပွားနိုင်ခြေ သုံးဆပိုများကာ၊နှလုံးရောဂါခံစားရနိုင်ခြေ သုံးဆပိုမြင့်ပြီး တစ်ကြိမ်တည်းသာကူးစက်ခံရသည့်လူနာများထက် အာရုံကြောဆိုင်ရာချို့ယွင်းမှုဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းပိုများကြောင်းလည်းလေ့လာမှုတွင်ဖော်ပြထားသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here