ရှမ်းပြည်(တောင်ပိုင်း)ရှိ မြို့နယ် ၂ ခုတွင် ခရီး သည်တင်ကားများပေါ်မှ ငွေကျပ်သိန်း ၁၄၀၀ ကျော်တန်ဖိုးရှိ အိုက်စ်နှင့်ဘိန်းစိမ်းများဖမ်းမိ

0
197

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်မြို့နယ်၊ရွာငံမြို့နယ်တို့တွင် နိုဝင်ဘာ ၉ ရက်၊ ၁၀ ရက်တို့က ခရီးသည်တင်ကားများပေါ်မှ ငွေကျပ်သိန်း ၁၄၀၀ ကျော်တန်ဖိုးရှိ အိုက်စ်နှင့်ဘိန်းစိမ်းများကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

လွိုင်လင်မြို့နယ်၊ဟိုတင့်ကျေးရွာအနီးတွင် မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်ရေးရဲတပ်ဖွဲ့ဝင်များက နို၀င်ဘာ ၁၀ ရက်နေ့လည် ၁ နာရီခွဲခန့်တွင် လွိုင်လင်မြို့ဘက်မှတောင်ကြီးမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ကားအား တားဆီးစစ် ဆေးခဲ့ကြသည်။

ကားပေါ်တွင်လိုက်ပါလာသည့် ခရီးသည်သန်းသန်းအောင်(၃၁)နှစ် တင်ဆောင်လာသည့် စက္ကူဂျပ်ဖာအတွင်းမှ ငွေကျပ်သိန်း ၁၄၀၀ တန်ဖိုးရှိ အိုက်စ်(၁၀ ကီလို)အား ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် နိုဝင်ဘာ ၉ ရက်နံနက် ၁၁ နာရီတွင်လည်း ရွာငံမြို့နယ်၊ Mobile X-Ray(မြို့ကြီး)တွင် ရွာငံမြို့ဘက်မှဟံမြင့်မိုရ်ကျေးရွာဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ကားပေါ်တွင် လိုက်ပါလာသည့် ခရီးသည် မအုံးတင်(၄၆)နှစ်၊မလှမွှေး (၃၅)နှစ်နှင့်မမူထားကြည်(၂၅)နှစ်တို့ထံမှဘိန်း စိမ်း(၁၁ ဒသမ ၁ ကီလို)အား ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား လွိုင်လင်မြို့မရဲစခန်းနှင့်ရွာငံမြို့မရဲစခန်းတို့တွင် မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here