မကွေးတိုင်းတွင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသည့် ဆရာတော်အား လက် နက်ကိုင်အဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်သတ်ခဲ့

0
272

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊စည်သာကျေးရွာရှိ ရေစကြို-ပခုက္ကူသွားကားလမ်းအနောက်ဘက်ရှိ မေတ္တာရှင်လူမှုကူညီရေးအသင်း၏ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသည့် ဆရာတော် ဥူးအာစာရ (၄၂)နှစ်၊ဝါတော် ၂၃ (ဝါ)သည် နိုဝင်ဘာ ၁၀ ရက်နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း နစက ကထုတ်ပြန်ခဲ့သည်။

ယင်းနေ့နံနက် ၈ နာရီခွဲခန့်က အမည်မသိလက်နက်ကိုင်အဖွဲ့ဝင်များသည် စည်သာကျေးရွာရှိ မေတ္တာရှင်လူမှုကူညီရေးအသင်းရုံးသို့ရောက်ရှိ လာပြီး အသင်းဥက္ကဌအဖြစ်ဆောင်ရွက်ကာ သီတင်းသုံးနေထိုင်လျက်ရှိသည့် မန္တလေးတိုင်း၊ မြင်းခြံမြို့၊ဇေယျသိမ်ကျောင်းတိုက်မှ ဆရာတော် ဥူးအာစာရ(၄၂)နှစ်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဆရာတော် ဥုးအာစာ ရတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဆရာတော် ပစ်ခတ်ခံရလို့ပျံလွန်တော်မူသွားတယ်ဆိုတာဟုတ်ပါတယ် စစ်သားတွေကနော့လာပြီးစစ်ဆေးသွားကြတယ်”ဟု အဆိုပါ လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံထြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

လက်နက်ကိုင်အဖွဲ့ဝင်များ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သံဃာ တော် ၅၉ ပါးနှင့်သီလရှင်ဆရာကြီး ၁ ပါးတို့ပျံ လွန်တော်မူခဲ့ပြီးဖြစ်ကြောင်း နစက ကထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here