ရန်ကုန်မြို့တော် မြေပုံသတင်းအချက်အလက်စ နစ် OneMap YCDC လုပ်​ဆောင်​နေ

0
398

OneMap YCDC အားအကောင်အထည်ဖော်ရာ တွင် မြို့ပြစီမံကိန်းဌာနမှဦးစီး၍ ဌာနများနှင့် ပေါင်းစပ်နေရကာ ၂၀၂၁ ခုနှစ်မှစ၍ ဆောင်ရွက်လာရာ တိုးတက်မှုများရှိသော်လည်း နှောင့်နှေးလျက်ရှိ​နေသည်။

ရန်ကုန်မြို့တော် မြေပုံသတင်းအချက်အလက်စနစ် OneMap YCDC ကို မြို့ပြစီမံကိန်းဌာန က ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့်ဆောင်ရွက်ခဲ့သည့် ရန်ကုန်မြေပုံစီမံကိန်းမှမြေပုံများ၊ကော်မတီမှဆောင်ရွက်ခဲ့သည့် လေကြောင်းဓာတ်ပုံ Aerial Photo များ၊ကမ္ဘာဘဏ်နှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည့် LiDAR မြေပုံများကိုအခြေခံ၍ စတင်ဆောင်ရွက်လျက်ရှိသည်။

ထိုလုပ်ငန်း ဦးစီးကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကို နိုဝင်ဘာ ၁၁ ရက်‌‌နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

“OneMap YCDC အကောင်အထည်ဖော်ခြင်းကြောင့် ရန်ကုန်မြို့ရဲ့ လုပ်ငန်းကဏ္ဍအသီးသီးအ တွက် များစွာအထောက်အကူပြုဖြေရှင်းဆောင်ရွက်နိုင်တဲ့အပြင် ဌာနတွေရဲ့ စွမ်းဆောင်ရည်တွေလည်း တိုးတက်လာမှာဖြစ်ပါတယ်။ ။ ရန်ကုန်မြို့ကို စနစ်ကျတဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုဖြစ်စေဖို့ OneMap YCDC ကို အကောင်အထည်ဖော်ဆောင် ရွက်ဖို့လိုအပ်ပါတယ်။ဒီစနစ်အောင်မြင်အောင် အကောင် အထည်ဖော်နိုင်ဖို့အတွက် ဌာနအားလုံးက ပူး ပေါင်းဆောင်ရွက်ကြဖို့လိုပါတယ်။e-Government စနစ်တဖြည်းဖြည်းချောချောမွေ့မွေ့ကူးပြောင်းနိုင်အောင်ဆောင်ရွက်ကြမှာဖြစ်ပါတယ်”ဟု OneMap YCDC ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်စည်ပင် ကော်မတီဝင်ဒေါက်တာ ဇော်ဝင်းက ပြောကြားခဲ့သည်။

OneMap YCDC လုပ်ငန်းသည် တိုး တက်ပြောင်းလဲလာသည့် အခြေအနေပေါ် Update ပြုလုပ်နေရမည်ဖြစ်၍  အဆက်မပြတ် ဆောင်ရွက်​နေရမည်ဖြစ်သည်။

ထို့ပြင် OneMap YCDC ဦးစီးကော်မတီအတွင်း ရေးမှူး၊မြို့ပြစီမံကိန်းဌာနမှ ဌာနမှူး(ဒု-ညွှန်ကြား ရေးမှူးချုပ်)ဒေါ်တင်တင်ကြည်က ကော်မတီတွင် လက်ရှိအသုံးပြုလျက်ရှိသည့် Household Database နှင့်မြေပုံချိတ်ဆက်အသုံးပြုနိုင်ရန် ဆောင်ရွက်မှု၊စံသတ်မှတ်ရေးဆပ်ကော်မတီနှင့် သတင်းအချက်အလက် စီမံခန့်ခွဲရေးဆပ်ကော် မတီများဖွဲ့စည်းဆောင်ရွက်မှု၊ Household Data များအား Common API (Application Programming Interface)တည်ဆောက်၍ မြေပုံနှင့်ချိတ်ဆက်နိုင်ရေး၊လမ်းအမည်များ စံသတ် မှတ်ရေး၊ Building Polygon များအား စဉ်ဆက်မပြတ် Update လုပ်နိုင်ရေး၊ဆိုင်ခန်းများအား GIS တွင်ထည့်သွင်းနိုင်ရေးဆောင်ရွက်ပေးမှု၊ Household, Tax Payer and Analyzed System နှင့် Building Polygon များအားချိတ်ဆက် Update ပြုလုပ်နိုင်ရေးဆောင်ရွက်ပေးမှုတို့ကို ရှင်းလင်း​ဆွေး​နွေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here