နာမည်ကျော် ဝေါ့ထ်ဒစ်စနေးကုမ္ပဏီက လုပ်သား အသစ်ခေါ်ယူမှုရပ်ဆိုင်းကာ ဝန်ထမ်းလျှော့ချမှုပြုမည်ဟုဆို

0
203

စင်္ကာပူ၊နိုဝင်ဘာ ၁၂

စီးပွားရေးမသေချာမရေရာမှု‌ကြောင့် ဝန်ဆောင်မှုလုပ်ငန်းအား အမြတ်အစွန်းရရှိရန်ကြိုးပမ်းနေရသဖြင့် ဝေါ့ထ်ဒစ်စနေးကုမ္ပဏီသည် အလုပ် အသစ်ခန့်အပ်မှုကိုရပ်တန့်ကာ အချို့ဝန်ထမ်းများအား လျှော့ချရန်စီစဉ်နေသည်ဟု သိရှိရသည်။

၎င်းတို့၏ကုမ္ပဏီတွင် ဝန်ဆောင်မှုသည် ဘဏ္ဍာရေးနှစ်စတုတ္ထသုံးလပတ်အတွင်း စာရင်းသွင်းသူ ၁၂ သန်းတိုးလာသော်လည်း  အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံနီးပါးဆုံးရှုံးမှုခဲ့ကြောင်းဖော်ပြထားသည်။

လေ့လာသုံးသပ်သူများသည် ဒစ်စနေး၏ထုတ်လွှင့်မှုကုန်ကျစရိတ်များ မြင့်တက်လာခြင်းအတွက် စိုးရိမ်ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။ ဖေ့စ်ဘွတ်ကုမ္ပဏီဖြစ်သည့် Meta ကုမ္ပဏီသည်လည်း ယခုအပတ်အတွင်း ဝန်ထမ်းအင်အား ၁,၁၀၀၀ ကျော် (ဝန်ထမ်းအင်အား ၁၃ ရာခိုင်နှုန်း) ကို ကုန်ကျစရိတ်လျှော့ချရန်အတွက် လျှော့ချမည်ဖြစ်ကြောင်းကြေငြာခဲ့သည်။

ဒစ်စနေးအနေဖြင့် ဝန်ထမ်းအင်အားနှင့် ကြော်ငြာစရိတ်ကိုလျော့ချရန်ကြိုးပမ်းနေသော်လည်း ၎င်းတို့၏အရည်အသွေးကိုမူ အလျော့ခံမည်မဟုတ်ကြောင်း ကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ်ကပြောကြားခဲ့သည်။

အသုံးစရိတ်လျှော့ချသည့်အနေဖြင့် အလုပ်ကိစ္စနှင့်ခရီးထွက်ခြင်းများကို တတ်နိုင်သမျှလျှော့ချကာ မဖြစ်မနေထွက်ရပါက ခွင့်ပြုချက်ကြိုတင်ရယူရမည်ဖြစ်ပြီး အတတ်နိုင်ဆုံးအွန်လိုင်းဆွေးနွေးမှုပုံစံဖြင့်သာ ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ပုံစံပြောင်းလဲလိုက်မှုက အခုအချိန်မှာသာမက နောင်အနာဂတ်မှာပါ ကောင်းကောင်းမွန်မွန်ဆောင်ရွက်နိုင်ဖို့ ပြောင်းလဲခြင်းသာဖြစ်ပါတယ်” ဟု  စီအီးအို Chapek ကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here