ရုရှားတို့ ခါဆန်မြို့အနီးမှ ဆုတ်ခွာပြီးနောက် အဓိက ဆည်ကြီးတစ်ခုတွင်  ပျက်စီးမှုအသစ်တွေ့ရှိ

0
354

ရုရှားတို့ ခါဆန်မြို့အနီးမှ ဆုတ်ခွာပြီးနောက် ခါဆန်အနီးရှိ အဓိက ဆည်ကြီးတစ်ခုဖြစ်သော Nova Kakhovka ဆည်တွင် ပျက်စီးမှုအသစ်တွေ့ရှိကြောင်း အမေရိကန် ပုဂ္ဂလိက ဂြိုဟ်တုကုမ္ပဏီတစ်ခုဖြစ်သည့် Maxar ကုမ္ပဏီက သတိပေးထားသည်။

ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoigu က ယူကရိန်းရှိ ရုရှားစစ်တပ်စစ်ဆင်ရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ဆာဂေး ဆူရိုဗစ်ကင်၏ အကြံပြုချက်အပေါ် အခြေခံ၍ ရုရှားတပ်ဖွဲ့များအား Dniepper မြစ် လက်ယာဘက်ကမ်းမှသည် လက်ဝဲဘက်ကမ်းသို့ ပြန်ဆုတ်ရန် အမိန့်ပေးခဲ့သည်။ ဆုတ်ခွာရခြင်း၏ အကြောင်းရင်းတစ်ခုမှာ Nova Kakhovka ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရှိရာ မြစ်အောက်ပိုင်းဒေသများ ရေလျှံပါက ရုရှားတပ်ဖွဲ့များ ရေလွှမ်းမိုးခြင်းခံရမည့် အန္တရာယ်ကြောင့်ဖြစ်ကြောင်း သူကဆိုသည်။ Surovikin ၏ အဆိုအရ အဆိုပါဒေသမှ ထွက်ခွာလိုသော အရပ်သားစုစုပေါင်း ၁၁၅၀၀၀ ကျော်ကိုလည်း မြစ်၏ လက်ယာဘက်ကမ်းသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်းသိရသည်။

ယနေ့တွင် ခါဆန်ဒေသ၏ ယာယီမြို့တော်အဖြစ် အဓိက အစိုးရအေဂျင်စီများ ရုံးစိုက်ရာ Genichesk ကို ယာယီသတ်မှတ်ထားကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူ Alexander Fomin က သတင်းထောက်များအားပြောသည်။

ရုရှားတပ်များ ယင်းဒေသမှ ရွှေ့ပြောင်းဆုတ်ခွာမည်ဟု ရုရှားတာဝန်ရှိသူများက ကြိုတင်ပြောကြားခဲ့စဉ်ကတည်းကပင် ယူကရိန်းတပ်များအနေဖြင့် ရုရှားတို့၏ ထောင်ချောက်တွင်း မဝင်မိစေရေးကို သတိပြုကြရန် နိုင်ငံတကာ စစ်ရေးလေ့လာသူများက ထောက်ပြခဲ့ကြကြောင်း သိရသည်။

ယူကရိန်းသမ္မတ ဇလန်းစကီးကမူ ခါဆန်သည် ယနေ့တွင် ယူကရိန်းပိုင် ပြန်ဖြစ်သွားပြီဟု ကြေညာထားသည်။

Source: New damage to major dam near Kherson after Russian retreat -Maxar satellite(Reuters)


LEAVE A REPLY

Please enter your comment!
Please enter your name here