ဘရာဇီး၌အောက်တိုဘာလအတွင်း သစ်တောပြုန်းတီးမှုစံချိန်သစ်တင်ခဲ့

0
185

ဘရာဇေးလီးယား၊နိုဝင်ဘာ ၁၁

ဘရာဇီးနိုင်ငံအမေဇုန်မိုးသစ်တောတွင် အောက်တိုဘာလအတွင်းသစ်တော ၉၀၄ စတုရန်းကီလိုမီတာပျက်စီးခဲ့ပြီး စံချိန်သစ်တင်ခဲ့ကြောင်း နိုဝင်ဘာ ၁၁ ရက်ကသတင်းထုတ်ပြန်ခဲ့သည်။

DETER ဂြိုလ်တုလေ့လာရေးစနစ်၏တွေ့ရှိချက်အရ ၂၀၂၁ ခုနှစ်အောက်တိုဘာလနှင့်နှိုင်းယှဉ်ပါက ကမ္ဘာ့အကြီးဆုံးအပူပိုင်းမိုးသစ်တော၏ သစ်တောပြုန်းတီးမှုဧရိယာသည် ၃ ရာခိုင်နှုန်းတိုးလာကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

၂၀၁၅ ခုနှစ်တွင် DETER က အမေဇုန်ကိုစောင့်ကြည့်လာချိန်များအတွင်း ၂၀၂၂ သည် အမေဇုန်သစ်တောပြုန်းတီးပျက်စီးမှု အဆိုးရွားဆုံးနှစ်ဖြစ်နေကြောင်းပြောကြားခဲ့သည်။၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလများကတည်းက သစ်တောပြုန်းတီးမှုပမာဏကို မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။ 

၂၀၂၁ ခုနှစ်က စုစုပေါင်းသစ်တောပြုန်းတီးမှု စတုရန်းကီလိုမီတာ ၉,၂၀၀ ရှိခဲ့ပြီး ယခုနှစ်တွင် စတုရန်းကီလိုမီတာပေါင်း ၉,၅၀၀ နီးပါးပျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။ဘရာဇီး World Wide Fund for Nature ၏ပြောကြားချက်အရ သစ်တောပြုန်းတီးမှုနှင့် တောမီးလောင်ကျွမ်းမှုများသည် ပြီးခဲ့သည့်လသမ္မတရွေးကောက်ပွဲကာလကတည်းက ဆိုးရွားနေခြင်းဖြစ်ကြောင်းသိရှိရသည်။

“အောက်တိုဘာလအတွင်းမှာ သစ်တောပြုန်းတီးမှုတိုးမယ်ဆိုတာကြိုခန့်မှန်းထားပြီးသားဆိုပေမဲ့ အခုလဆန်းပိုင်းမြင်ရတဲ့ ကိန်းဂဏန်းတွေက ပိုကြောက်စရာကောင်းနေပြီး ဖြေရှင်းဖို့တောင်ခက်နေသလောက်ပါပဲ” ဟုလည်း WWF ကပြောကြားခဲ့သည်။

ယခုလက်ရှိသမ္မတ Lula ကလည်း သစ်တောပြုန်းတီးမှုနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာပြဿနာများအား ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး အီဂျစ်တွင်ကျင်းပနေသော COP 27 သို့လည်းတက်ရောက်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here