ဒေသဖွံ့ဖြိုးရေးနှင့်ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကိုအထောက် အကူ ပြုနိုင်မည့် နေပြည်တော်နည်းပညာတက္ကသိုလ် ဖွင့်ပြီ

0
416

ရန်ကုန်နည်းပညာတက္ကသိုလ်၊မန္တလေးနည်းပညာတက္ကသိုလ်များကဲ့သို့ အဆင့်မြင့်တက္ကသိုလ်ကြီးတစ်ခုဖြစ်လာစေရန်ရည်ရွယ်၍ အစိုးရနည်းပညာ ကောလိပ်(နေပြည်တော်)အား နေပြည်တော်နည်းပညာတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ဖွဲ့စည်းတည်ထောင်လိုက်သည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ နေပြည်တော်နည်းပညာတက္ကသိုလ်ဖွင့်ပွဲအား နိုဝင်ဘာ ၁၂ ရက် (ယနေ့)နံနက်ပိုင်းကကျင်းပရာ နစက ဥက္ကဋ္ဌ၊ဝန် ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။

နေပြည်တော် ဒေသခံပြည်သူများ၏ သား သမီးများနှင့်အနယ်နယ်အရပ်ရပ်မှ ထူးချွန်ကျောင်းသူကျောင်းသားများအတွက် သင်ကြားသင်ယူမှုအခွင့်အလမ်းများပိုမိုရရှိစေရန်၊အဆင့်မြင့်အင်ဂျင်နီယာပညာရပ်များအား လေ့လာသင် ယူခွင့်ရရှိစေရန်၊ကျွမ်းကျင်အင်ဂျင်နီယာပညာ ရှင်များမွေးထုတ်ပေးရန်နှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကိုအထောက်အကူပြုနိုင်ရန် ရည်မှန်းထား  သည်ဟုသိရသည်။

“လက်ရှိနည်းပညာတက္ကသိုလ်တွေမှာ ဖွင့်လှစ်နေတဲ့ ဘွဲ့သင်တန်း ၂၆ ခုထဲက လုပ်ငန်းလိုအပ်ချက်အများဆုံးဖြစ်တဲ့ မြို့ပြအင်ဂျင်နီယာဘာသာရပ်၊အီလက်ထရောနစ်အင်ဂျင်နီယာဘာသာရပ်၊လျှပ် စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ်၊စက်မှုအင် ဂျင်နီယာဘာသာရပ်၊အလုပ်အကိုင်အခွင့်အ လမ်းအများဆုံးပေးနိုင်တဲ့ သုတနည်းပညာဘာ သာရပ်နဲ့ဒေသဖွံ့ဖြိုရေးအတွက်လိုအပ်တဲ့ ဗိသု ကာဘာသာရပ်တွေကို သင်ကြားပေးဖို့အတွက် အရည်အချင်းပြည့်ဝတဲ့ လူ့စွမ်းအားအရင်းအ မြစ်တွေမွေးထုတ်ပေးဖို့ လိုအပ်လျက်ရှိပါတယ်” ဟု နစက ဥက္ကဋ္ဌက မိန့်ခွန်းတွင်ထည့်သွင်း​ပြောကြားခဲ့သည်။

ထို့ကြောင့် ယခုဖွင့်လှစ်သည့် နေပြည်တော်နည်းပညာတက္ကသိုလ်တွင် နိုင်ငံတော်အတွက်လိုအပ်နေသည့် အင်ဂျင်နီယာပညာရှင်လူငယ်များမွေးထုတ်ပေးနိုင်ရန် လုပ်ငန်းလိုအပ်ချက်အများဆုံးဖြစ်သည့် အင်ဂျင်နီယာဘာသာရပ်ကြီး ၄ ခု၊ အ လုပ်အကိုင်အခွင့်အလမ်းအများဆုံးဖြစ်သည့် သုတနည်းပညာဘာသာရပ်နှင့်ဒေသလိုအပ်ချက်အရ ဗိသုကာဘာသာရပ်အပါအဝင် ဘာသာရပ် ၆ ခုအား အတွေ့အကြုံနှင့်အရည်အချင်းပြည့်ဝသည့် ဆရာ၊ဆရာမများ၊ဘာသာရပ်ကျွမ်းကျင်သူပညာရှင်ကြီးများက ICT ကို အသုံးပြု၍ လေ့ ကျင့်သင်ကြားပေးသွားမည်ဟု ပြောသည်။

ထို့ပြင် နောင်လာမည့် ပညာသင်နှစ်များတွင် စိုက်ပျိုးရေးအင်ဂျင်နီယာဘွဲ့သင်တန်းကိုလည်း တိုးချဲ့ဖွင့်လှစ်သင်ကြားပေးသွားမည့်စီမံကိန်းပါရှိ​ကြောင်း​ပြောကြားခဲ့ သည်။

“နေပြည်တော်နည်းပညာတက္ကသိုလ်မှာ (၂၀၂၂- ၂၀၂၃)ပညာသင်နှစ်ရဲ့ ပထမနှစ်သင်တန်းတွေကို စတင်ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းနှစ်တွေကို တစ်နှစ်ပြီးတစ်နှစ်တိုးချဲ့ပြီး မဟာဘွဲ့သင်တန်းတွေ ပါရဂူဘွဲ့သင်တန်းတွေအထိ ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here