ထိုင်းနိုင်ငံ၊ချွန်ဖော်ခရိုင်ရှိ အမြန်လမ်းမကြီးပေါ်တွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများဖမ်းဆီးခံခဲ့ရ ထိုင်းနိုင်ငံသားကားမောင်းသူကိုပါဖမ်းမိခဲ့

0
212

ထိုင်းနိုင်ငံ၊ချွန်ဖော်ခရိုင်ရှိ အမြန်လမ်းမကြီးပေါ်တွင် နိုဝင်ဘာ ၁၁ ရက်ညပိုင်းက တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၉ ဦးနှင့်ပို့ ဆောင်ပေးသူ ထိုင်းနိုင်ငံသားကားမောင်းသူတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းနေ့ညပိုင်းက ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ အမြန်လမ်းမကြီးအတိုင်း မောင်းနှင်လာသည့် ပစ်ကပ်ကားအားတားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ထိုင်းနိုင်ငံသားကားမောင်းသူနှင့်အတူ ကားနောက်ခန်းအတွင်း၌ ပုန်း၍လိုက်ပါလာသည့် စုံခလာခရိုင်၊ဟတ်ရိုင်မြို့သို့သွား ရောက်မည့် မြန်မာနိုင်ငံသား ၂၉ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ ဟတ်ရိုင်မြို့၌ အလုပ်လုပ်ကိုင်ရန် ပွဲစားခအဖြစ် တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၅၀၀၀ မှ ၃၀၀၀၀ ခန့်အထိ ပေးချေခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီးနောက် ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့လွှဲ ပြောင်းပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here