အီလွန်မက်စ်သည် G – 20 ထိပ်သီးအစည်းအဝေးသို့ အွန်လိုင်းမှတက်ရောက်မည်ဟုဆို

0
117

နူဆာဒူဝါ၊နိုဝင်ဘာ ၁၃

အီလွန်မက်စ်သည် G – 20 ထိပ်သီးအစည်းအဝေးသို့ လူကိုယ်တိုင်မဟုတ်ဘဲ အွန်လိုင်းမှသာတက်ရောက်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူတစ်ဦးက စနေနေ့ကပြောကြားခဲ့သည်။

“သူ့အနေနဲ့အမေရိကမှာ ရှိနေမှဖြစ်မှာမို့ ဒီပွဲကိုတော့ အွန်လိုင်းကတစ်ဆင့်ပဲတက်ရောက်သွားမှာဖြစ်ပါတယ်” ဟု ကုန်သည်အသင်းခေါင်းဆောင်ကပြောကြားခဲ့သည်။အဆိုပါကိစ္စနှင့်ပတ်သက်၍ အတည်ပြုချက်ပေးရန် ပွဲစီစဉ်သူများနှင့် အင်ဒိုတာဝန်ရှိသူများထံဆက်သွယ်မေးမြန်းခဲ့သော်လည်း ချက်ချင်းပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

မက်စ်သည် G- 20 တွင် စီးပွားရေးဆိုင်ရာကိစ္စအတွက် စကားပြောရမည်ဖြစ်ပြီး ကန်သမ္မတ၊တရုတ်သမ္မတအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များသည် လူကိုယ်တိုင်တက်ရောက်ကြမည်ဖြစ်ပြီး ရုရှားသမ္မတဗလာဒီမာပူတင်လည်းအွန်လိုင်းမှသာ တက်ရောက်နိုင်ကြောင်းမျှော်လင့်ရသည်။

မကြာသေးမီက မစ္စတာအီလွန်မက်စ်၏ ဆိုရှယ်မီဒီယာ တွစ်တာဝယ်ယူမှုအပြီးတွင် ၎င်းသည်ကုမ္ပဏီ၏အနာဂတ်ကို သံသယဝင်နိုင်စေသည့် မဟာဗျူဟာနှင့်မူဝါဒပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များကြား နစ်မြုပ်နေရခြင်းဖြစ်သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here