ကမ္ဘာ့ရွှေဈေး ဆက်တိုက်တက်နေသော်လည်း ပြည်တွင်း ရွှေဈေးကွက်တွင် ဈေးနှုန်းတည်ငြိမ်ပြီး အရောင်းအဝယ်အေးနေ

0
194

ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက်တက် နေသော်လည်း ပြည် တွင်းရွှေဈေးကွက်တွင် ဈေးနှုန်းတ ည်ငြိမ်နေကာ အရောင်းအဝယ်အေးနေကြောင်း သိရသ ည်။

လက်ရှိတွင် နိုင်ငံတကာငွေကြေးဈေးကွက်၌ ကန်ဒေါ်လာဈေးနှုန်း ကျဆင်းနေပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ ယခုရက် ပိုင်းအတွင်း စံချိန်တင် မြင့်တက်နေခြင်းဖြစ်သည်။

ယင်းကဲ့သို့ အတက်ဘက်သို့ ရောက်ရှိနေခြင်းကြောင့် ပြ ည်တွင်း ရွှေဈေးကွက်တွင်ပါ ရွှေဈေးနှုန်း မြင့်တက်လာနိုင်ကြောင်း သုံးသပ်မှုများရှိနေသော်လည်း လက်ရှိတွင် ဈေးနှုန်း တည်ငြိမ်နေပြီး အရောင်းအဝယ်အေးနေကြော င်း ရန်ကုန်အထိုင် ရွှေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပေါ်ပြူလနယူး(စ်) သို့ ပြေသည်။

” ကမ္ဘာ့ရွှေဈေးကတော့ ဒီတစ်ပတ်ထဲမှာ စံချိန်တင် တက်တာပေါ့နော်။ နိုင်ငံတကာမှာ ဒေါ်လာဈေးကွက်ကလည်း အကျဘက်ကို ရောက်နေတာပေါ့။ ပြည်တွင်းမှာလည်း ရွှေဈေးတက်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိတယ်။ ဒါ ပေမဲ့ အခုထိတော့ ဈေးနှုန်းက ငြိမ်နေတုန်းပဲ။ အရောင်း အဝယ်လည်း အေးပါတယ်။ အဝယ်သမားကတော့ မရှိသလောက်ပဲ။ နည်းနည်းပါးပါး တပိုင်ဝယ်တဲ့သူတွေပဲ ရှိတယ်။ ရောင်းလိုအားကတော့ သူ့ဟာနဲ့သူ ရှိနေတယ်ပြောရမယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၁၇၇၁ ဒေါ်လာ ဈေးပေါက်နေပြီး အဆိုပါ ဈေးနှုန်းမှာ လပိုင်းအတွင်း စံချိန်တင်မြင့်တက်လာခြင်း ဖြစ်သည်။

ပြည်တွင်း ရွှေဈေးကွက်၌ အခေါက်ရွှေ (၁) ကျပ်သားလျ င် ၂၆၈၀၀၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ဈေးနှုန်း သိသိသာသာ အပြောင်းအလဲမဖြစ်ကြောင်း သိရသည်။

ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ ယခုတစ်ပတ်အတွင်း ဈေးမြှင့် သတ်မှတ်လျက်ရှိပြီး ယမန်နေ့ ဈေးကွ က်ပိတ်ချိန်တွင် အခေါက်ရွှေ တစ်ကျပ်သားလျင် ၂၀၈၅ ၀၀၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များအနေဖြင့် အခေါက် ရွှေ တစ်ကျပ်သားလျင် ၂၅၃၀၀၀၀ ကျပ် ရောင်းဝယ်ကြရန် သက်ဆိုင်ရာက ညွှန်ကြားထားသော်လည်း လက်ရှိတွင် ပြင်ပ၌ ၂၇၀၀၀၀၀ ဝန်းကျင်ဖြင့်သာ ရောင်းဝယ်နေကြခြင်း ဖြစ်သည်။

ရန်ကုန်ရွှေအသင်းအနေဖြင့် အခြေခံရည်ညွှန်း ကြမ်းခင်း ဈေးကို နေ့စဉ်သတ်မှတ်ပေးနေခြင်းဖြစ်ပြီး အသင်းဝင်ဆိုင်များပင် အဆိုပါ ရည်ညွှန်း ဈေးနှုန်းဖြင့် ရောင်းချကြခြင်း မရှိကြပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here