မြိတ်တွင် ငါးကြိတ်ကန်အတွင်း အမျိုး သား ၆ ဦးပြုတ်ကျ၍ ၃ ဦးသေဆုံး ၃ ဦးကိုကယ်တင်နိုင်ခဲ့

0
287

တနင်္သာရီတိုင်း၊မြိတ်မြို့၊မြိတ်တောင်ကျေးရွာ အုပ်စု၊အင်းလေးမြိုင်စက်မှုဇုန်ရှိ ငါးအမှုန့်ကြိတ်စက်ရုံတွင် နိုဝင်ဘာ ၁၃ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာန ချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယင်းနေ့ည ၈ နာရီခန့်က မြိတ်တောင်ကျေးရွာ အုပ်စု၊အင်းလေးမြိုင်စက်မှုဇုန်ရှိ ငါးအမှုန့်ကြိတ်စက်ရုံတွင် ငါးကြိတ်ကန်အတွင်း မော်တာချိန်း ကြိုးပြုတ်ထွက်ခဲ့၍ အမျိုးသား ၆ ဦးက ပြန် လည်ဆယ်ယူရန် ကန်အတွင်းသို့ဆင်းခဲ့ကြသည်။

ကန်အတွင်းဆင်းစဥ် အောက်ဆီဂျင်ပြတ်၍ ကန်အတွင်းသို့ပြုတ်ကျသွားခဲ့ကြသဖြင့် မြိတ်မြို့နယ်မီးသတ်စခန်း၊ထားဝယ်စုရပ်ကွက်အရန်မီးသတ်စခန်း၊မြိတ်တောင်ရပ်ကွက်အရန်မီးသတ်စခန်းနှင့်လူမှုကူညီရေးအသင်းအဖွဲ့များက ကူညီကယ် ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် အမျိုးသား ၃ ဦးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး အမျိုးသား ၃ ဦးကိုမူ သေဆုံးလျက်ပြန်လည်သယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

” ၃ ယောက်သေတယ် ၃ ယောက်ကတော့ အသက်ရှင်တယ် အောက်စီဂျင်ပြတ်ပြီးကန်ထဲပြုတ်ကတာဆိုတော့ မူးဝေနေတာတော့ရှိတယ် တခြားထိ ခိုက်မိတာတော့မရှိပါဘူး သိတဲ့အချိန်နောက်ကျသွားရင်တော့ သူတို့လည်းအခြေအနေမကောင်းလောက်ဘူး အခုသိတဲ့အချိန်မြန်သွားတဲ့အတွက် ကယ်ဆယ်နိုင်ခဲ့တာပါ သေသွားတဲ့ ၃ ယောက်အတွက်ကတော့စိတ်မကောင်းဖြစ်ရတယ် အချိန်မီကယ်ဆယ်ရေးလုပ်ခဲ့ပေမယ့် သူတို့ ၃ ယောက်ကိုမကယ်တင်နိုင်ခဲ့ဘူးဗျာ”ဟု ကူညီကယ်ဆယ်ရေးလုပ်ငန်းပြုလုပ်ရာတွင် ပါဝင်ခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သေဆုံးသူ ၃ ဦး၏ ရုပ်အလောင်းများအား လူမှုကူညီရေးအသင်းကားများဖြင့် မြိတ်ပြည့်သူ့ဆေး ရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here