ရှမ်းပြည်နယ်နှငိ့ရန်ကုန်တို့တွင်ဘိန်းဖြူများ၊ထိန်းချုပ်ဓာတုပစ္စည်းများနှင့်စိတ်ကြွဆေးပြား ၃ သောင်းတို့အား ဖမ်းမိ

0
214

ရှန်းပြည်နယ်ရှိ လားရှိုးမြို့နယ်၊ရပ်စောက်မြို့ နယ်တို့တွင် ဘိန်းဖြူများ၊ထိန်းချုပ်ဓာတုပစ္စည်းများနှင့်ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်တွင် စိတ်ကြွဆေးပြား ၃၀၀၀၀ ပြားတို့အား နိုဝင်ဘာ ၁၀ ရက်၊ ၁၂ ရက်တို့က ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၀ ရက်ညနေ ၅ နာရီခွဲက လားရှိုးမြို့နယ်၊ခါးသျှိကျေးရွာအနီးတွင် ကျင်းဟော်(၃၈)နှစ်မောင်းလာသည့် ALPHARD ကားပေါ်ရှိဆာလာအိတ်အတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူ(၂ ဒသမ ၂ ကီလို)အား ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ရပ်စောက်မြို့နယ်၊ညောင်ပင်သာကျေးရွာအနီးရှိ ရပ်စောက်-ကျောက်ဂူသွားကားလမ်းတွင် နိုဝင်ဘာ ၁၀ ရက်ည ၇ နာရီခွဲက နိုင်၀င်းထွန်း (၂၇)နှစ်မောင်းလာသည့် FUSO ၁၂ ဘီးကားနှင့် စိုင်းမျိုး(၂၄)နှစ်မောင်းကာ တင်ကိုကို၀င်း(၃၄)နှစ်လိုက်လာသည့် NISSAN  ၁၂ ဘီးကားတို့အား စစ်ဆေးခဲ့ကြသည်။

ကားနှစ်စီးပေါ်မှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သော Toluene ၂၇၀၀ လီတာ၊ Ethyacetate ၃၁၂၀ လီတာ၊ Calcium Carbonate ၂၄၇၅ ကီလို၊ Toluene ၇၅၀ လီတာ၊ Coloroform ၄၈၀၀ လီတာ၊ Calcium Carbonate  ၂၅၀၀ ကီလိုတို့အား ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ည ၁၁ နာရီတွင် ထိန်းချုပ်ဓာတုပစ္စည်းများအား သယ်ဆောင်ခိုင်းသူ သန်းလင်း(ခ)အရှည်ကြီး(၄၃)နှစ်နှင့် နှင်းကိုကို(၃၄)နှစ်တို့အား တောင်ကြီးမြို့၊စဝ်စံထွန်းရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုအတွင်းမှထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့အတူ ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်၊(ည)ရပ်ကွက်တွင် နိုဝင်ဘာ ၁၂ ရက်နံနက် ၁၁ နာရီ ၄၅ မိနစ်က လမ်းလျှောက်လာသူ နေငြိမ်းဇော်(ခ)ဘုမောင်(၃၀)နှစ်နှင့်မောင်မောင်ဦး(ခ) မောင်မောင်(၁၉)နှစ်တို့ထံမှ စိတ်ကြွဆေးပြား ၃၀၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင် ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းအသီးသီး၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here