မူဆယ်တွင် ဗုံး (၃) လုံးပေါက်ကွဲကာ လုံခြုံရေးယူထားသည့် ပြည်သူ့စစ်(၂)ဦး ဒဏ်ရာရရှိ

0
233

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင်  ယနေ့ နိုဝင် ဘာ (၁၄) ရက်နေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားကာ လုံခြုံရေးယူထားသည့် ပြည်သူ့စစ် (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် (၁၁)နာရီဝန်းကျင်က မူဆယ်မြို့ရှိ မင်္ဂလာမူဆယ် Top One Motel အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” ၁၁ နာရီ လောက်က ဖြစ်တာပါ။ (၃) လုံးပေါက်တာ။ လုံ ခြုံရေးယူနေတဲ့ မန်ပြိန်းအဖွဲ့က ရဲဘော်တွေထိတယ် ။ (၂) ယောက်ပါ။ ဒဏ်ရာပြင်းတယ်လို့ ပြောတယ်။ ဆေးရုံပို့လိုက်ပါပြီ” ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် မူဆယ်မြို့ခံတစ်ဦးက ပေါ်ပြူလာ နယူး(စ်)သို့ ပြောသည်။ 

ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လမ်းပိတ်စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ဗုံးပေါက်ကွဲမှုမှာ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရှိရသေးကြောင်းလည်း ၎င်းကဆိုသည်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဗုံးပေါက်ကွဲမှုများနှင့် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်း အတွင်းကလည်း ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ့စစ်များနှင့် ရဲတပ်ဖွဲ့ဝင်များ သေဆုံးဒဏ် ရာရရှိမှု ဖြစ်ပွားခဲ့သေးသည်။

ဩဂုတ်လ (၁) ရက်နှင့် (၂) ရက် ဆက်တိုက်ပေါက်ကွဲမှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်များကြောင့် ရဲ (၂) ဦးနှင့် ပြည်သူ(၁)ဦးသေဆုံးကာ ပြည် သူ့စစ် (၅) ဦးနှင့် ယာဉ်ထိန်း (၁) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here