ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၁ ခု၌ ချိန်ခါမဟုတ် မိုးရွာသွန်းနိုင်ဟု မိုးဇလခန့်မှန်း

0
305

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ နိုဝင်ဘာ ၁၄ ရက်(ယနေ့)နေ့လည် ၁ နာရီခွဲအချိန်က တိုင်းထွာရရှိချက်များအား မွန်းလွဲ ၂ နာရီက အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၆ ရက်မှ ၂၀ ရက်အတွင်း ကပ္ပလီပင် လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့်တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှရွေ့လျားလာသည့် လေအေးများတွေ့ဆုံခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင် လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများဖြစ်ပေါ်နေသည်ဟု မိုးဇလကအသိ ပေးခဲ့သည်။

ထို့ကြောင့် တနင်္သာရီတိုင်း၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မိုးသည်းထန်စွာရွာ သွန်းနိုင်ကြောင်း မိုးဇလကခန့်မှန်းထားသည်။

ထို့အတူ ရန်ကုန်တိုင်း၊နေပြည်တော်၊မန္တလေး တိုင်း၊ပဲခူးတိုင်းဒေသကြီး၊ဧရာဝတီတိုင်း၊ရှမ်း ပြည်နယ်(တောင်ပိုင်း)၊ရှမ်းပြည်နယ်(အရှေ့ပိုင်း) နှင့်ကယားပြည်နယ်တို့တွင်လည်း နေရာကွက် ကျားမှနေရာကျဲကျဲမိုးသည်းထန်စွာရွာသွန်းနိုင် သည်ဟု မိုးဇလကအသိပေးထုတ်ပြန်ထားသည်။

ထိုသို့ ချိန်ခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်  မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုနိုင်ရန် မိုးဇလကအသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here