မြန်မာ့လက်ရွေးစင်ကာယဗလမောင် ၂ ဦး ထိုင်းနိုင်ငံ၌ကျင်းပမည့် ၁၃ ကြိမ်မြောက် ကမ္ဘာ့ကာယ ဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည်

0
362

မြန်မာ့လက်ရွေးစင်ကာယဗလအားကစားသမား ၂ ဦးဖြစ်သည့် ကိုထွန်းထွန်းအောင်နှင့်ကိုရဲထွန်းနောင်တို့သည် ထိုင်းနိုင်ငံ၌ကျင်းပမည့် ၁၃ ကြိမ်မြောက် ကမ္ဘာ့ကာယာဗလနှင့်ကာယကြံ့ခိုင်မှုပြိုင် ပွဲအား ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။

၁၃ ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲအား ထိုင်းနိုင်ငံ၊ဖူးခက်မြို့၌ ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ် သည်။

အဆိုပါ ပြိုင်ပွဲ၌ ၆၅ ကီလိုတန်းတွင် မြန်မာ့လက် ရွေးစင်ကာယဗလအားကစားသမား ကိုရဲထွန်းနောင်၊ ၆၀ ကီလိုတန်းနှင့်အသက် ၅၀ နှစ်နှင့်အ ထက်ကီလိုတန်းတွင် ကိုထွန်းထွန်းအောင်တို့က ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ကာယဗလအားကစားသမားကိုရဲထွန်းနောင်သည် ၃၁ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိထားသူဖြစ်ကာ ကမ္ဘာ့ကာယဗလပြိုင်ပွဲတွင် ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here