ငါန်းဇွန်မြို့နယ်တွင် မွေးနေ့ပွဲသွားသည့် Light Truck ကားအား လင်နက်ကိုင်အဖွဲ့ဝင်များက မိုင်းဖြင့်ဖောက်ခွဲခဲ့သဖြင့်ပြည်သူ ၁ ဦးသေဆုံး ၅ ဦးဒဏ်ရာရ

0
263

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်၊တံတားဦး-မြင်းခြံသွားကားလမ်း၏ မင်းနေကုန်းကျေးရွာလမ်းခွဲတွင် နိုဝင်ဘာ ၁၃ ရက်နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့နေ့လည် ၃ နာရီခွဲခန့်က အမရပူရမြို့နယ်၊ မှန်တမ်းရပ်ကွက်နေ ဒေါ်လှလှဝင်းသည် မြင်းခြံမြို့နယ်၊ကျောက်တိုင်ကျေးရွာရှိ မွေးနေ့ပွဲသွား ရောက်ရန် မိတ်ဆွေများနှင့်အတူ LIGHT TRUCK ကားဖြင့်ထွက်ခွာလာခဲ့သည်။

ထိုသို့ ထွက်ခွာလာစဥ် ငါန်းဇွန်မြို့နယ်၊တံတားဦး – မြင်းခြံသွားကားလမ်း၏ မင်းနေကုန်းကျေးရွာလမ်းခွဲအရောက် လက်နက်ကိုင်အဖွဲ့ဝင်များက လမ်း၏ဘယ်ဘက်ခြမ်းမှ မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြသည်။

မိုင်းပေါက်ကွဲမှုကြောင့် Light Truckbကားပေါ်၌ လိုက်ပါလာသူများအနက် ပြည်သူ ၁ ဦးမှာ မိုင်းစထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ပြည်သူ ၅ ဦးတွင်လည်း မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ကာ သေဆုံးသူ၏ရုပ်အလောင်းနှင့်ဒဏ်ရာရသူများအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဟုတ်တယ် ကားတစ်စီးမိုင်းဆွဲခံရတယ်လို့တော့သိထားတယ် ကျွန်နော်တို့အသင်းကိုလူနာကောက်ဖို့ဖုန်းမဆက်တဲ့အတွက် အခင်းဖြစ်နေရာကိုတော့မသွားဖြစ်ဘူး သေဆုံးသူနဲ့ဒဏ်ရာရသူတွေရှိတာတော့သိတယ်”ဟု ငါန်းဇွန်မြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here