မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း ယာဥ်ရပ်နားရန်နေရာဦးထားမှုများကို ဖယ်ရှားရှင်းလင်း

0
293

မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းရှိ နေရာအချို့တွင် ယာဥ်ရပ်နားရန်နေရာဦးထားသည့် ပစ္စည်းများအား မြို့နယ်သန့်ရှင်းသာယာသပ်ရပ်ရေးနှင့်ယာဥ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ဖယ်ရှားရှင်းလင်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်စည်ပင်ဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များ၊ရပ်ကွက်နေသူများပူးပေါင်း၍ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ဗိုလ်မင်းရောင်လမ်း၊‌ဒေါ်သိန်းတင်လမ်း၊အထက်ပုဇွန်တောင်လမ်း၊သမိန်ဗရမ်းလမ်း၊ဦးအောင်မြတ်လမ်း၊ဗညားဒလလမ်း(ယုဇနပလာဇာရှေ့)နှင့်စက်ရုံလမ်း(မင်္ဂလာဈေးရှေ့)တို့တွင် ယာဥ်ရပ်နားရန်နေရာဦးထားသည့် ပစ္စည်းများအား ဖယ်ရှားရှင်းလင်းသိမ်းဆည်းခဲ့ကြခြင်းဖြစ်သည်။

ထို့ပြင် ယင်း လမ်းများရှိ လမ်းဘေးဈေးသည်များအား စည်းကမ်းထိန်းသိမ်းရှင်းလင်းခြင်း၊ခွင့်ပြုချက်မဲ့ကြော်ငြာများဖြုတ်သိမ်းခြင်းနှင့်အထက်ပုဇွန်‌တောင်လမ်းရှိ အရှည် ၂၀ ပေ၊ အ ကျယ် ၂ ပေ၊အနက် ၁ ပေခန့်ရှိရေမြောင်းအတွင်းရှိအမှိုက်နှင့်မြောင်းချေးများကိုလည်း ဆယ်ယူရှင်းလင်းခဲ့ကြသည်။

ယာဥ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းစေရန်လည်း မင်္ဂလာတောင်ညွှန့်မြို့နယ်၊မြန်မာ့ဂုဏ်ရည်လမ်း၊မင်္ဂလာတောင်ညွှန့်စျေးနှင့်စံပြညစျေးတို့ရှိ အနှေးယာဥ်ဆိုက္ကားများ၏ ကြံ့ခိုင်မှုကောင်းမွန်ရေး၊ယာဥ်စည်းကမ်းလမ်းစည်းကမ်းများနှင့်အညီ‌မောင်းနှင်ရေးတို့အ အသိပညာပေးပြောကြား၍ ရောင်ပြန်ပြားများတပ်ဆင်ပေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here