မြန်မာအလုပ်သမားများအားခေါ်ယူမည့် ဂျပန်နိုင် ငံ၏ အလုပ်ကမ်းလှမ်းစာ ၂၂၄ စောင်ရရှိထား

0
437

ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ၌အလုပ်လုပ်ကိုင်ရန် မြန် မာနိုင်ငံသားများအားခေါ်ယူမည့် အလုပ်ကမ်း လှမ်းစာ ၂၂၄ စောင်ရရှိထားသည်ဟု ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊တိုကျိုမြို့မှ နိုဝင်ဘာ ၁၅ ရက်(ယနေ့)တွင် အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါ အလုပ်ကမ်းလှမ်းစာ ၂၂၄ စောင်အား မြန်မာသံရုံး၊တိုကျိုမြို့က နိုဝင်ဘာ ၁ ရက်မှ ၁၅ ရက်အတွင်း စီစစ်ပြီးနောက် ယင်းအလုပ်ကမ်း လှမ်းစာများနှင့်ပတ်သက်သည့် အချက်အလက်များအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန် ကြားခဲ့ခြင်းဖြစ်သည်။

ယင်း အလုပ်ကမ်းလှမ်းစာများသည် အလုပ်သ မားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့်ပေးပို့လာခြင်းဖြစ်၍ အလုပ်ကမ်းလှမ်းစာ (Demand Letter)များကို အချိန်နှင့်တစ်ပြေးညီစီစစ်ဆောင်ရွက်ပေးခဲ့သည်။

ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့်အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိ၊စာရွက်စာတမ်းအထောက်အထားများအားစိီစစ်၍ တွေ့ရှိချက်များ၊သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အ လုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အလုပ်ကမ်းလှမ်းစာ ၂၂၄ စောင်အတွက် မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေးတ ရားဝင်လိုင်စင်ရကုမ္ပဏီများက မြန်မာအလုပ်သ မားများအားစေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here