နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲခွင့်ပြုခြင်းနှင့် ဗီဇာကင်းလွတ်ခွင့်များ ပေးခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ နိုင်ငံပေါင်း(၉၀)ကျော်မှ ခရီးသွားဧည့်သည်များ လာရောက်ခဲ့ဟု ဟိုတယ်ခရီး ၀န်ကြီးပြောကြား

0
198

နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲခွင့်ပြုခြင်းနှင့် ဗီဇာကင်းလွတ်ခွင့်များ ဆောင်ရွက်ပေးခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ နိုင်ငံပေါင်း(၉၀)ကျော်မှ ခရီးသွားဧည့်သည်များ လာရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ပြောသည်။

ယနေ့နံနက်ပိုင်းက Hybrid စနစ်ဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည့် မြန်မာ- တရုတ် ခရီးသွားဧည့်လမ်းညွှန် သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ကို အာဆီယံ(၈)နိုင်ငံအားခွင့်ပြုပေးခဲ့ပြီး နိုင်ငံပေါင်း (၁၀၀) ကျော်ကိုလည်း အီလက်ထရောနစ်စနစ်ဖြင့် ဗီဇာများခွင့်ပြုပေးလျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ပြောသည်။

ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီ မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် အများဆုံးလာရောက်သော နိုင်ငံများထဲတွင် တရုတ်နိုင်ငံပါဝင်ခဲ့ပြီး ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်သည့် အချိန်တွင်လည်း တရုတ်ခရီးသွားဧည့်သည်များ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here