မြ၀တီတွင် ရေမြောင်းပြုပြင်စဉ် မြေပြိုကျမှုကြောင့် ကျား(၂)ဦးပိတ်မိခဲ့ပြီး ၁ ဦးသေ ၁ ဦးဒဏ်ရာရ

0
269

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယနေ့ (နို၀င်ဘာ ၁၅ ရက်) ညနေပိုင်းက ရေမြောင်းပြုပြင်စဉ် မြေပြိုကျမှုကြောင့် ကျား(၂)ဦးပိတ်မိခဲ့ပြီး ၁ ဦးသေ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်တွင်

မြ၀တီမြို့ အမှတ်(၃)ရပ်ကွက်၊ ဗန္ဓုလလမ်းရှိ နေအိမ်ဆိုင်ခန်းရှေ့တွင် ရေမြောင်းပြုပြင်စဉ် ဆိုင်ခန်းကြမ်းခင်း ကွန်ကရစ်အောက်ရှိ သစ်ပင်အမြစ်ကို ဆင်း၍ ဖော်ထုတ်ရာမှ မြေပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

” သူတို့က ရေမြောင်းဖော်နေကြတာ သစ်ပင်အမြစ်လည်း ရှိနေလို့ ဖယ်တဲ့အချိန်မှာ ပဲ မြေပြိုမှုဖြစ်တယ်။ မီးသတ်က အချိန်မှီလာခဲ့ပေမယ့် တစ်ဦးကိုပဲ ကယ်တင်နိုင်ခဲ့ပါတယ် “ဟု ဖြစ်စဉ်တွင်ပါ၀င်ကူညီခဲ့သူတစ်ဦးက ပြောသည်။

မြေပြိုကျမှုဖြစ်စဉ်ကြောင့် မြဝတီမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ကျား(၁)ဦး (သေဆုံး)အား စေတနာရှင်လူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဉ်ဖြင့် မြဝတီမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here