MSME လုပ်ငန်းများအား ဒစ်ဂျစ်တယ်နည်းပညာဖြင့် မှတ်ပုံတင်ထားမှသာ နိုင်ငံတော်ကပံ့ပိုးပေးမည့် ငွေကြေးအရင်းအနှီးနှင့်အခွန်အခသက်သာ ခွင့်အပါအဝင် အထောက်အပံ့အားလုံး ရယူခံစားခွင့်ရှိမည်

0
251

အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းကော်မ တီ ဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ နိုဝင်ဘာ ၁၅ ရက်နေ့လည် ၁ နာရီခွဲကပြု လုပ်သည့် လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၂)သို့တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

MSME များအနေဖြင့် ဈေးကွက်သုတေသနရလဒ်များကို လေ့လာဆောင်ရွက်ရန်နှင့်ဒစ်ဂျစ်တယ်နည်းပညာကိုမဖြစ်မနေသုံးစွဲနိုင်ရန် လိုအပ်လာသည်ဟု ပြောသည်။

MSME များအနေဖြင့် လက်ရှိအချိန်ထိ ဒစ်ဂျစ်တယ်နည်းပညာကို ထုတ်လုပ်မှုအပိုင်း၊ဈေးကွက်မြှင့်တင်ရေးအပိုင်းနှင့်ကုန်သွယ်ငွေလွှဲသည့် နေ ရာများတွင် ကျွမ်းကျင်စွာသုံးစွဲရန်ခက်ခဲနေဆဲဖြစ်၍ အစိုးရမှ MSME များအခွင့်အရေးများလက်ဝယ်ရရှိနိုင်ရန်နှင့်စိန်ခေါ်မှုများကို အတူတ ကွဖြေရှင်းပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။

“အဲ့လို ဆောင်ရွက်ရာမှာ အစိုးရအနေနဲ့ ဒစ်ဂျစ်တယ်နည်းပညာနှင့်ပတ်သက်ပြီး e-ID စနစ်ကစပြီး E- Government အထိ သွားရောက်နိုင်ဖို့ဆောင်ရွက်နေပါတယ် အဲဒီစနစ်တွေပြီးစီးတဲ့အချိန်မှာ MSME လုပ်ငန်းတွေရဲ့ ဈေးကွက်သု တေသနလုပ်ငန်း၊ဒစ်ဂျစ်တယ်နည်းပညာနဲ့ ဆောင်ရွက်ရတဲ့လုပ်ငန်း၊ထုတ်လုပ်မှုအပိုင်း၊ဈေး ကွက်မြှင့်တင်ရေးနဲ့ရှာဖွေရေးအပိုင်း၊ ကုန်သွယ်ငွေလွဲမှုအပိုင်းတွေဟာ အစိုးရကလက်ရှိဆောင် ရွက်နေတဲ့ E-Government စနစ်ထဲကို အလိုအ လျောက်ပါဝင်သွားမှာဖြစ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

မိမိတို့အနေဖြင့် MSME အေဂျင်စီဖွဲ့စည်းပြီးလို အပ်သည့် လုပ်ထုံးလုပ်နည်းများအားလုံးပြီးစီးချိန်တွင် မှတ်ပုံတင်ထားခြင်းမရှိသေးသည့် MSME လုပ်ငန်းများအား ဒစ်ဂျစ်တယ်စနစ်ဖြင့် Online မှမှတ်ပုံတင်ပေးနိုင်ရေးကို အေဂျင်စီများမှ ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောသည်။

“ဒစ်ဂျစ်တယ်နည်းပညာနဲ့ မိမိတို့လုပ်ငန်းတွေကို မှတ်ပုံတင်ထားမှသာ နိုင်ငံတော်ကပံ့ပိုးပေးမယ့် ငွေကြေးအရင်းအနှီးနဲ့အခွန်အခသက်သာခွင့်အ ပါအဝင် အထောက်အပံ့အားလုံးကို ရယူခံစားခွင့်ရှိမှာဖြစ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် MSME လုပ်ငန်းများအတွက် အဓိကကျသည့် လိုအပ်ချက်များဖြစ်သော ကုန်ကြမ်း၊သွင်းအားစု၊ကျွမ်းကျင်လုပ်သား၊အရင်းအနှီးစသည့်အချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများအား လုံးညှိနှိုင်းဖြည့်ဆည်းပေးသွားမည်ဟု ပြော သည်။

“နိုင်ငံတော်ဝန်ကြီးချုပ် ခရီးစဉ်တွေမှာ MSME လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံတဲ့အခါ လုပ်ငန်းရှင်တွေရဲ့ တင်ပြချက်တွေအနေနဲ့ ကဏ္ဍ ၇ ခုမှာ စုစု ပေါင်း ၉၅ ချက်ရှိတာကို တွေ့ရပါတယ် အဲဒီတင် ပြချက်တွေကို တစ်ချက်ချင်းအကောင်အ ဖော်ဆောင်ရွက်ပေးသွားမှာပါ”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ဒေသအသီးသီးရှိ အလားအလာကောင်းသည့်ကုန်ကြမ်းများ၊ လယ်ယာ၊ သား၊ ငါး ထွက်ကုန်များကို နည်းပညာစက်ပစ္စည်းအကူအညီဖြင့် ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်ပေါ်ရေး၊ တန်ဖိုးကွင်းဆက်မြှင့်တင်နိုင်ရေးတို့ကို အားသွန်ခွန်စိုက်ဆောင်ရွက်ပြီး နိုင်ငံ့ GDP ကိုမြှင့်တင်ရေးဆောင်ရွက်ကြရမည်ဟု နစက ဒု-ဥက္ကဋ္ဌကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here