မော်လမြိုင်တွင် လက်နက်ကိုင်အဖွဲ့ဝင်များနှင့်လုံခြုံရေးအဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် ၈ ဦး ဖမ်းဆီးရမိခဲ့

0
403

မော်လမြိုင်တွင် လုံခြုံရေးအဖွဲ့ဝင်များနှင့် လက်နက်ကိုင်အဖွဲ့များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် ၈ ဦး ဖမ်းဆီးရမိခဲ့

မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ဇေယျာသီရိရပ် ကွက်ရှိ အဌားတိုက်ခန်း၌ရောက်ရှိနေသည့် လက် နက်ကိုင်အဖွဲ့ဝင်များနှင့်လုံခြုံရေးအဖွဲ့ဝင်များ နို ဝင်ဘာ ၁၄ ရက်ညပိုင်းက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လက်နက်ကိုင်အဖွဲ့ဝင် ၈ ဦးအားဖမ်းဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ယင်းနေ့နံနက် ၅ နာရီခွဲခန့်က လုံခြုံရေးအဖွဲ့ဝင်များသည် မုဒုံမြို့နယ်၊ကဒါရဲကင်းစခန်း အရှေ့ဘက်မီတာ ၃၀၀ ခန့်အကွာ ချောင်းနှစ်ခွ-မုဒုံသွားလမ်းအတိုင်း မသင်္ကာဖွယ်အမျိုးသားနှစ်ဦးမောင်းလာသည့် ဆိုင်ကယ်အားစစ်ဆေးရန်ရပ်တန့်ခိုင်းစဥ် ရပ်တန့်ခြင်းမရှိဘဲ မုဒုံဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။ 

ထို့ကြောင့် လိုက်လံဖမ်းဆီးရာ မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက်နေ ဉာဏ်ထက်ကို(၂၁)နှစ်နှင့်ဘင်လှိုင်ရပ်ကွက်နေ စည်သူဖြိုး(၂၂)နှစ်တို့အား PDF အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သည့် စာရွက်စာတမ်းများ၊ ၎င်းတို့ကိုင်ဆောင်သည့် ဖုန်းများအတွင်းမှ PDF အကြမ်းဖက်သင် တန်းတက်ရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ မော်လမြိုင်မြို့၊ဇေယျာသီရိရပ်ကွက်၊ဇေယျာ(၃)လမ်းရှိ အဌားတိုက်ခန်း၌ အ ကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်မည့်သူများရောက်ရှိကြောင်းသိရှိရသဖြင့် ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် လုံခြုံရေးအဖွဲ့ဝင်များက သွား ရောက်စစ်ဆေးရာ တိုက်ခန်းရှေ့အရောက် လက် နက်ကိုင်အဖွဲ့ဝင်များက သေနတ်များဖြင့်စတင်ပစ်ခတ်ခဲ့ကြသဖြင့် မော်လမြိုင်မြို့၊ဂွေးကုန်းရပ် ကွက်နေ ဦးကျော်မိုး(၃၁)နှစ်နှင့်ဇေယျာသီရိရပ် ကွက်နေ ဦးဟိန်းကိုဦး(၃၂)နှစ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သည်။ 

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ဇေယျာ(၃) လမ်းနေသူများအား ဘေးလွတ်ရာရွှေ့ပြောင်းပေးပြီးနောက် လက်နက်ချအညံ့ခံရန် ပြောဆိုစဥ် လက်နက်ကိုင်အဖွဲ့ဝင်များက သေနတ်များ၊လက် လုပ်ဗုံးများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များနှင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် လက်နက်ကိုင်အဖွဲ့ဝင်များဖြစ်သည့် သန့်ဇင်လင်း(ခ)မျက်နှာမဲ(၁၈)နှစ်၊ဇော်ထက်အောင်(ခ)ဆံရှည်(၃၀)နှစ်၊ကျော်သက်ဦး(၂၂)နှစ်၊ဖြိုးကိုအောင်(၂၃)နှစ်၊ထက်အောင် (ခ)သခေါ(၂၀)နှစ်နှင့်နှင်းကလျာ(ခ)ပိုးလေး(၁၆) နှစ်တို့အား Zoraki ပစ္စတို ၂ လက်၊ CZ ပစ္စတို ၁ လက်၊ ၉ မမကျည် ၅၂ တောင့်၊ ပစ္စတိုကျည်အိမ် ၃ ခု၊ ယမ်းဘူး ၅ ဘူး၊ လက်လုပ်မိုင်း ၉ လုံး၊ ပစ္စတိုအပစ်လက်ကိုင် ၁ ခု၊ ဖုန်း ၃ လုံး၊ဆက်စပ်ပ စ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်၌ လက်နက်ကိုင်အဖွဲ့ဝင် အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁ ဦးနှင့်ကျည်ထိမှန်ဒဏ်ရာရရှိသည့် ပြည်သူ ၂ ဦးတို့အား နယ်မြေခံတပ်မတော်ဆေးရုံသို့ပို့ဆောင်ခဲ့ကြပြီး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် ပြည်သူ ဦးဟိန်းကိုဦးမှာ ဆေးကုသမှုခံယူနေစဉ်သေဆုံးသွားခဲ့သည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည့် လက်နက်ကိုင်အဖွဲ့ဝင်များအား ဥပဒေအရထိရောက်စွာအရေးယူရန် ဆက်လက်ဆောင်ရွက် ၍ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here