ရှမ်းပြည်နယ်နှင့်မကွေးတိုင်းတို့တွင် ငွေကျပ်သိန်း ၇၀၀၀ နီးပါးတန်ဖိုးရှိ စိတ်ကြွဆေးပြား ၆ သိန်းခန့်ဖမ်းမိ

0
140

ရှမ်းပြည်နယ်၊နောင်ချိုမြို့နယ်နှင့်မကွေးတိုင်း၊ငဖဲမြို့နယ်တို့မှ နိုဝင်ဘာ ၁၃ ရက်က ငွေကျပ် ၆၈၅၀ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား ၅၇၀၀၀၀ ပြားအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များကဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ရှမ်းပြည်နယ်၊နောင်ချိုမြို့နယ်၊အိုရီယမ်တယ်တိုးဂိတ်အနီးတွင် နို၀င်ဘာ ၁၃ ရက်ညနေ ၄ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များသည် စိုင်းမောင်ထွန်း(ခ)မောင်ထွန်း(၂၄)နှစ် မောင်းလာသည့် Super Custom ကားအားစစ် ဆေးခဲ့ကြသည်။

ကားပေါ်တွင် ဝှက်၍သယ်ဆောင်လာသည့် စိတ် ကြွဆေးပြား ၃၇၀၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ည ၁၂ နာရီ ၁၅ မိနစ်တွင်လည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် မကွေးတိုင်း၊ငဖဲမြို့နယ်၊ပဒါန်းကျေးရွာ၊ပျဉ်း၀ပူး ပေါင်းစစ်ဆေးရေးဂိတ်တွင် ရန်ကုန်မြို့ဘက်မှစစ်တွေမြို့ဘက်သို့ မောင်းလာသည့် ခရီးသည်တင်ကားအား စစ်ဆေးခဲ့ကြသည်။

ခရီးသည်များဖြစ်သည့် အောင်ညွန့်စိုး(၄၇)နှစ်နှင့်ကျော်စိုး(၂၀)နှစ်တို့တင်လာသည့် ဆာလာအိတ်များအတွင်းမှ စိတ်ကြွဆေးပြား ၂၀၀၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်း ဆီးရမိသူများအား နောင်ချိုမြို့မရဲစခန်းနှင့်ပဒါန်းနယ်မြေရဲစခန်းတို့က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here