ရန်ကုန်တိုင်းရှိ ခရိုင် (၃) ခုကို အုပ်စု (၂) ခုခွဲကာ (၄) နာရီအလှည့်ကျစနစ်ဖြင့် မီးပေးနိုင်ရန် စီစဉ်နေဟု YESC တာ ဝန်ရှိသူပြော

0
904

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ခရိုင် (၃) ခုကို အုပ်စု (၂) ခုခွဲကာ (၄) နာရီစီ မီးအလှည့်ကျပေးနိုင်ရန် စမ်းသပ်စီစဉ်နေကြောင်း ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေး ကော်ပို ရေးရှင်း (YESC) မှ သိရသည်။

ရန်ကုန်တိုင်းအတွင်း (၄) နာရီခြား တစ်ကြိမ်စီ မီးအလှည့် ကျပေးရန်စီစဉ်နေသည်ဆိုသည့် သတင်းနှင့် ပတ်သက် ၍ YESC မှ တာဝန်ရှိသူထံ ပေါ်ပြူလာနယူး(စ်) က ဆက် သွယ်မေးမြန်းစဉ် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

” အကြမ်းဖျဉ်း ပြောလို့ရတာက အနောက်ပိုင်းကို ဦးစား ပေးပြီးတော့ ကျန်တဲ့ တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့ပိုင်း မြို့နယ်တွေကို မနက် (၉) နာရီကနေ ညနေ (၅) နာရီအထိပေါ့ဗျာ။ အုပ်စု နှစ်ခုခွဲလိုက်တယ်။ အုပ်စု (A) နဲ့ (B) နဲ့ အုပ်စု (၂) ခုခွဲပြီးတော့ တစ်ဝက်စီပေးမယ်။ (၉) နာ ရီကနေ နေ့ခင်း (၁) နာရီ အထိကို အုပ်စု (A)ပေါ့ ၊ နေ့ ခင်း (၁) နာရီကနေ ညနေ (၅)နာရီအထိကို အုပ်စု (B) ပေါ့” ဟု YESC မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးအောင်ကျော်ဟိန်းက ရှင်းပြသည်။

ယင်းကဲ့သို့ အုပ်စုခွဲကာ ဓာတ်အားအလှည့်ကျပေးရန် စီ စဉ်ထားသော်လည်း ဓာတ်အားလျော့ကျမှုနှင့် ဓာတ်အားစနစ်အရေးပေါ်အခြေအနေနှင့်ကြုံတွေ့ရသည့် အချိန်မျိုးတွင် ဓာတ်အားဖြတ်တောက်ရသည့် အခြေအနေမျိုးလ ည်း ကြုံရနိုင်ကြောင်း သိရသည်။

သို့သော် ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်း ပါဝင်သည့် မြို့တွင်းဧရိယာနှင့် ၊ ကျောင်းများ၊ ဆေးရုံးများ ၊ ရုံးများနှင့် အစိုးရဌာနဆိုင်ရာများကို (၂၄) နာရီအချိန်ပြည့် လျှပ် စစ်ဓာတ်အားပေးနိုင်ရန် စီစဉ်ထားကြောင်း ဦးအောင်ကျော်ဟိန်းက ရှင်းပြသည်။

အဆိုပါ မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ အလှည့် ကျ ဓာတ်ပေးမည့် အစီအစဉ်တွင် ရန်ကုန်တိုင်းအတွင်း ရှိ စက်မှုဇုန်များအနေဖြင့် (၈) နာရီအပြည့် ဓာတ်အား ရရှိမ ည်ဖြစ်ပြီး  ညနေ (၅) နာရီနောက်ပိုင်းမှ နောက်တစ်နေ့ နံ နက် (၉) နာရီအထိ လျှပ်စစ်ဓာတ်အား ရရှိမည် မဟုတ်ကြောင်း သိရသည်။

” စက်မှုဇုန်ကို အဲဒီအချိန်မှာ ပေးမှာ ၊ရန်ကုန်ရဲ့ ခရိုင် (၃) ခရိုင်ကို မနက် (၉) နာရီကနေ ညနေ (၅) နာရီအထိ အုပ်စု (၂) ခုခွဲပြီး တစ်ဝက်ကို ဖြုတ်ချပြီး ပေးလို့ ပိုလာတဲ့ဓာတ် အားကို စက်မှုဇုန်ကို ပေးမယ်။ (၉) နာရီကနေ ညနေ (၅) နာရီ ကြားမှာ စက်မှုဇုန်ကိုပေးမယ်။ ညနေ (၅) နာရီထိုးတာနဲ့ စက်မှုဇုန်က လုံးဝမရတော့ဘူး ။ နောက်နေ့မနက် (၉) နာရီမှ ပြန်ရမှာ ” ဟု ဦးအောင်ကျော်ဟိန်းက ပြောသ ည်။

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားပေးရန် ယင်းကဲ့သို့ စီစဉ်ထားပြီး အုပ်စု (A) နှင့် (B) အတွင်း ပါဝင်သည့် မြို့နယ်များအနေဖြင့် တစ်ရက်လျင် (၄) နာရီဝန်းကျင် မီးပြတ်နိုင်သည့် အခြေအနေဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် ယင်းကဲ့သို့ စီစဉ်ထားသော်လည်း လိုအပ်ချက်ရှိလာပါက ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များကိုလည်း ယာယီ မီးဖြတ်တောက်ရမည့်အစီ အစဉ်ရှိကြောင်းလည်း သိရသည်။

” ပေးရတာ မတည်မငြိမ်လေးတွေတော့ ဖြစ်နေတုန်းပဲ။ တည်ငြိမ်ဖို့ဆိုတာက ဓာတ်အားစနစ်ကို ထုတ်လွှတ်နေတဲ့ စက်တွေကလည်း တည်ငြိမ်ရမယ်။ ကျွန်တော်တို့ ပလန်ထားတဲ့အထဲလည်း ဝင်နေရမယ်။ အဲဒါမှ ငြိမ်နေအောင်ပေးလို့ရမှာ။ အကြမ်းဖျဉ်းပေးဖို့ပလန်ထားတာကတော့ အဲဒီအတိုင်းပဲ။ အနောက်ပိုင်းက ၂၄ နာရီ ရပေမယ့် လိုအ ပ်လာရင် သူ့လည်း ထို့းဖြတ်မှာပဲ” ဟု ဆိုသည်။

လက်ရှိတွင် လောပိတဓာတ်အားလိုင်း (၁/၂၃) ရပ်ထားရခြင်း၊ ရန်ကုန်တိုင်း သီလဝါနှင့် သာကေတမြို့နယ်အတွ င်းရှိ ဓာတ်အားပေးစက်ရုံ (၂) ခု ရပ်နားထားရခြင်း၊ ရွှေသဘာဝဓာတ်‌ငွေ့မှလည်း ဓာတ်အားထုတ်လွှတ်တ်နိုင်မှု လျှော့ကျနေခြင်း  အပါအဝင် ပြည်တွင်းရှိ အချို့ဓာတ် အားပေးစက်ရုံများမှ ဓာတ်အားရရှိမှု လျှော့ကျနေခြင်း၊ ဓာတ်အားပေးလိုင်းများ ဖျက်ဆီးခံရခြင်းကြောင့်  ယခင်က ရရှိနေသည့် ဓာတ်အားထက် ထက်ဝက်နီးပါး လျှော့ကျနေကြောင်းလည်း YESC မှ သိရသည်။

အခြားပြည်နယ်နှင့် တိုင်းများတွင်လည်း ရရှိသည့် လျှပ် စစ်ဓာတ်အားခွဲတန်းအလိုက် အခြေအနေပေါ်မူတည်ကာ အဆင်ပြေနိုင်မည့် နည်းလမ်းများဖြင့် ပြည်သူလူထုအား လျှပ်စစ်ဓာတ်အားပေးနိုင်ရေး အစီအစဉ်များ လုပ်ဆော င်နေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here