အမျိုးသားစာကြည့်တိုက်၊အကောက်ခွန်ရုံးနှင့်ဝန် ကြီးများရုံး(အတွင်းဝန်ရုံး)အဆောက်အအုံများအား ရှေးဟောင်းအဆောက်အအုံကမ္ဗည်းမော်ကွန်းကြေးပြားတပ်ဆင်

0
327

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ရှေး ဟောင်းအဆောက်အအုံများစာရင်းဝင် အမျိုး သားစာကြည့်တိုက်၊အကောက်ခွန်ရုံးနှင့်ဝန်ကြီးများရုံး(အတွင်းဝန်ရုံး)အဆောက်အအုံများအား နိုဝင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းက ရှေးဟောင်းအ ဆောက်အအုံ ကမ္ဗည်းမော်ကွန်းကြေးပြားတပ်ဆင်ခြင်း အခမ်းအနားသို့ သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို တက်ရောက်ခဲ့သည်။

“ရှေးဟောင်းယဉ်ကျေးမှုလက်ရာတွေ အစုံအလင်တည်ရှိနှင့်ပြီးဖြစ်တဲ့နိုင်ငံမှာ ရှေးဟောင်းလက်ရာတွေမပျောက်မပျက်ရေရှည်တည်တံ့နေစေဖို့ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်သလို နောင်မျိုးဆက်သစ်တွေအတွက် လက်ဆင့်ကမ်းနိုင်ဖို့နဲ့ဆက်လက်တည်တံ့နေစေဖို့ဟာ နိုင်ငံတော်နဲ့ပြည် သူလူထုအတွက် အလွန်အရေးကြီးတာကြောင့် အဖက်ဖက်က ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်း ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်”ဟု ပြည် ထောင်စုဝန်ကြီးဦးကိုကိုကပြောကြားခဲ့သည်။

ထို့ပြင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၏ ၂၀၁၅ ခုနှစ် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၄၊ ပုဒ်မခွဲ (ခ)အရ မြန်မာနိုင်ငံအတွင်း တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် နှစ်တစ်ရာသက်တမ်းအထက်ရှိအဆောက် အအုံပေါင်း ၂၀၈ လုံးအား ရှေးဟောင်းအဆောက် အအုံအဖြစ် အမိန့်ကြေငြာစာထုတ်ပြန်သတ်မှတ်ခဲ့သည်ဟု ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ ကိုလိုနီခေတ်ရှေးဟောင်းအဆောက်အအုံ ၁၂၄ လုံးကိုလည်း ရှေးဟောင်း

အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ကာ ယခု ကမ္ဗည်းမော်ကွန်းကြေးပြားတပ်ဆင်သည့် အဆောက်အအုံ ၃ လုံးလည်း အပါအဝင်ဖြစ် သည်ဟု ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့သည်။

ကမ္ဗည်းမော်ကွန်းကြေးပြားတပ်ဆင်ခဲ့သည့် အ မျိုးသားစာကြည့်တိုက်သည် ၁၉၀၈ ခုနှစ်က ဘီအိုစီကုမ္ပဏီ ရုံးစိုက်ရာအဆောက်အအုံဖြစ်ခဲ့ပြီး အကောက်ခွန်ရုံးသည်လည်း ၁၈၅၃ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် သစ်သားအဆောက်အအုံဖြစ်ကာ အတွင်းဝန်ရုံးသည် ယခင်က မြင်းခင်း သဘင်ကျင်းပခဲ့ပြီး ယခု အဆောက်အအုံအား ၁၈၈၉ ခုနှစ်တွင် စတင်ဆောက်လုပ်ကာ ၁၉၀၅ ခုနှစ်တွင်ပြီးစီးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here