မန္တလေးတိုင်းတွင် အရပ်သားတစ်ဦးမောင်းလာသည့်မြေသယ်ကား မိုင်းဖောက်ခွဲခံရ၍ ကားမောင်းသူသေဆုံး

0
250

မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊တောင်ကန်ကျေး ရွာအနီး၌ အရပ်သားတစ်ဦးမောင်းလာသည့်မြေသယ်ကား နိုဝင်ဘာ ၁၆ ရက်နံနက်ပိုင်းက မိုင်းဖောက်ခွဲတိုက်ခိုက်ခံခဲ့ရသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ယင်းနေ့နံနက် ၆ နာရီခွဲခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် တောင်ကန်ကျေးရွာအနီးတွင် ကင်းရွာမှပြင်ဦးလွင်မြို့သို့ သွားရောက်ရန်ထွက်ခွာလာသည့် ပုသိမ်ကြီးမြိုနယ်၊ကြာနီကန်ကျေးရွာနေ ဦးတင်သောင်းမောင်းလာသည့် စီနိုထရပ်(အဖြူရောင်)မြေသယ်ကားအား လမ်း၏ ဝဲ/ယာ တောင်ဘက် ၂ ပေခန့်အကွာမှမိုင်းဆွဲတိုက်ခိုက်ခဲ့ကြသည်။

ထို့သို့ မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ကားမောင်းသူ ဦးတင်သောင်းတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန်ပို့‌ဆောင် ပေးခဲ့ကြသည်။

ဦးတင်သောင်းသည် မတ္တရာမြို့နယ်ပြည်သူ့ဆေး ရုံ၌ ဆေးကုသမှုခံယူနေစဥ် နံနက် ၇ နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း နစက ၏ထုတ်ပြန်ချက်အရ သိရသည်။

“မိုင်းထိတဲ့လူကတော့ ဆေးရုံမှာပဲသေဆုံးသွားတယ်လို့ကြားတယ် “ဟု မတ္တရာမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာ ဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here