မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံဆုအား ရှမ်းယူနိုက်တက်အသင်း သုံးနှစ်ဆက်ရရှိ

0
282

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပသော Myanmar National League 2022 ပြိုင်ပွဲ၏ အမှတ်ပေးချန်ပီယံဆုအား ရှမ်းယူနိုက်တက်အသင်းက သုံးနှစ်ဆက်ရရှိခဲ့သည်။

ဆုချီးမြှင့်ပွဲအခမ်းအနားကို ရာသီပိတ်နောက်ဆုံးပွဲစဥ်ဖြစ်သည့် ယနို၀င်ဘာ ၁၆ ရက် ညနေပိုင်းတွင် ရှမ်းယူနိုက်တက် (၁-၀) ISPE ပွဲစဥ်အပြီး သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ယနေ့ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ယခုနှစ်ရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် သွင်းဂိုး (၁၄) ဂိုးဖြင့် ဂိုးသွင်းအများဆုံး ကစားသမားဆု ရရှိခဲ့သော ဧရာဝတီယူနိုက်တက်အသင်းမှ တိုက်စစ်မှူး ရန်ကျော်ထွေးအား အထိမ်းအမှတ်ဆုတံဆိပ်နှင့် ဆုငွေကျပ်သိန်း (၁၀) သိန်း၊ အဆင့် (၅) နေရာ ရပ်တည်နိုင်ခဲ့သော ဧရာဝတီယူနိုက်တက်အသင်းကို ဆုကြေးငွေကျပ်သိန်း ၁၀၀၊ အဆင့် (၄) နေရာရပ်တည်နိုင်ခဲ့သော မြဝတီအသင်းကို ဆုကြေးငွေကျပ်သိန်း ၂၀၀၊ အဆင့် (၃)နေရာရပ်တည်နိုင်ခဲ့သော ဟံသာဝတီယူနိုက်တက်အသင်းကို တစ်ဦးချင်းကြေးတံဆိပ်နှင့်အတူ ဆုကြေးငွေကျပ်သိန်း ၃၀၀၊ အဆင့်(၂) နေရာရပ်တည်နိုင်ခဲ့သော ရန်ကုန်ယူနိုက်တက်အသင်းကို တစ်ဦးချင်းငွေတံဆိပ်ဆုနှင့်အတူ ဆုကြေးငွေကျပ်သိန်း ၄၀၀၊ ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် သုံးနှစ်ဆက် ချန်ပီယံဆု ရယူနိုင်ခဲ့သော ရှမ်းယူနိုက်တက်အသင်းကို တစ်ဦးချင်း ‌ရွှေတံဆိပ်ဆုများ၊ ချန်ပီယံဆုကြေးငွေကျပ်သိန်း ၆၀၀နှင့် ချန်ပီယံဆုဖလားတို့ကို ချီးမြှင်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ယနေ့အခမ်းအနားတွင် ရမှတ် (၄၈) မှတ်ဖြင့် တစ်ရာသီလုံး ရှုံးပွဲမရှိ ချန်ပီယံဆု ရရှိခဲ့သည့် ရှမ်းယူနိုက်တက်အသင်းကို ချန်ပီယံအထူးဆုဖလားကို ထပ်မံ  ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here