တရုတ်-ကနေဒါ ဆက်ဆံရေး ဆွေးနွေးခဲ့သမျှကို မီဒီယာသို့ ချပြခဲ့၍ ရှီက ထရူဒိုအား ဒေါတကြီးပြစ်တင်ဝေဖန်

0
247

ကနေဒါ အရာရှိများက တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံံ့ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒိုတို့၏ G 20 အစည်းအဝေးပြင်ပ တွေ့ဆုံမှုအတွင်း ဆွေးနွေးခဲ့သည့် အသေးစိတ် အချက်အလက်များမီဒီယာသို့ ပေါက်ကြားခဲ့ပသဖြင့် ရှီသည် ထရူဒိုအား ဒေါသတကြီး ပြစ်တင်ဝေဖန်ခဲ့သည်။

မျက်နှာတွင် စိတ်ပျက်နေပုံ အထင်းသားပေါ်နေသည့် ရှီက ထရူဒိုအား သီးသန့် စကားပြောရန် ခေါ်ခဲ့ပြီး ခေါင်းဆောင်နှစ်ဦးကြား ဆွေးနွေးခဲ့သော အချက်အလက်များကို မီဒီယာထံသို့ အသေးစိတ်မျှဝေခြင်းမှာ မသင့်လျော်ကြောင်းနှင့် ထရူဒို၏ ချဉ်းကပ်မှုမှာ ရိုးသားမှု မရှိကြောင်း ပြောခဲ့သည်ကို G 20 တွင် သတင်းယူနေသည့် မီဒီယာများက ရိုက်ကူးထားသော ဗီဒီယိုဖိုင်အရ သိရသည်။

“ဆွေးနွေးခဲ့သမျှ မီဒီယာဆီမှာ ပေါက်ကြားခဲ့တယ်လေ၊ ဒါမျိုးလုပ်တာကတော့ မသင့်တော်ပါဘူး။ ပြီးတော့ ဒါဟာ ဆွေးနွေးမှုတွေ စတင်သင့်တဲ့ ပုံစံမဟုတ်ပါဘူး” ဟု ရှီက ဘာသာပြန်မှတစ်ဆင့် ထရူဒိုအား ပြောခဲ့သည်။

ဘာသာပြန်အား ထရူဒိုထံသို့ ပြန်လည် မရှင်းပြခိုင်းသည့် အပိုင်းတွင် ရှီက မန်ဒရင်းဘာသာဖြင့်  “ကျွန်တော်တို့ လေးလေးစားစားနဲ့ အပြန်အလှန် ဆွေးနွေးတာမျိုး လုပ်သင့်တယ်၊ မဟုတ်ရင် ရလဒ်ကတော့ ခန့်မှန်းလို့ ရမှာမဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ကနေဒါမှာတော့ လွတ်လပ်ပွင့်လင်းတဲ့ ဆွေးနွေးမှုမျိုးကိုသာ ယုံကြည် အလိုရှိပြီး ဒီအတိုင်းပဲ ဆက်လက်ကျင့်သုံးသွားမှာပါ။ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက် လုပ်ဆောင်သွားမယ် ။ ဒါပေမယ့် သဘောထားမတိုက်ဆိုင်တဲ့ ကိစ္စတွေတော့ ဆက်ရှိနေအုံးမှာပါ။” ဟု ထရူဒိုက ရှီအား ပြန်ပြောခဲ့သည်။

ထို့နောက် ရှီက နှစ်ဦးနှစ်ဖက်ကြား အခြေအနေများကို ဦးစွာ ညှိယူရမည်ဟု ပြောခဲ့ပြီး လက်ဆွဲနှုတ်ဆက်ကာ စကားဝိုင်းကို အဆုံးသတ်ခဲ့သည်။

ဗုဒ္ဓဟူးနေ့ စကားဝိုင်းအတွင်း ဖြစ်ပေါ်နေခဲ့သော ရှီ၏ ထိုမျက်နှာအမူအရာမှာ လူသိရှင်ကြားပွဲများတွင် ချပြလေ့မရှိသော ရှားရှားပါးပါး မျက်နှာအမူအရာ ဖြစ်သည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here