ကျိုင်းတုံအကျဉ်းထောင်မှ နိုင်ငံခြားသားအကျဥ်းသား ၁ ဦးအပါအဝင် အကျဉ်းသား၊အကျဉ်းသူ ၄၃ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

0
244

ရှမ်းပြည်နယ်ရှိ ကျိုင်းတုံအကျဥ်းထောင်မှ နိုင်ငံ ခြားသားအကျဥ်းသား ၁ ဦးအပါအဝင် အကျဥ်းသား၊အကျဥ်းသူ ၄၃ ဦးအား ကျခံနေရသည့်ပြစ် ဒဏ်များမှ နိုဝင်ဘာ ၁၇ ရက်(ယနေ့)တွင် လွတ် ငြိမ်းခွင့်ပြုခဲ့သည်။

ကျိုင်းတုံအကျဉ်းထောင်မှပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဥ်းသား ၁ ဦးအပါအဝင် အကျဥ်းသား ၃၈ ဦး၊အကျဥ်းသူ ၅ ဦိး(စုစုပေါင်း ၄၃ ဦး)တို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သည်။ 

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သည့် အကျဉ်းသား၊ အကျဉ်းသူများအား ပြည်နယ်ဒု-ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းနှင့်တာဝန်ရှိသူများက ဆုံးမဩ ဝါဒစကားများပြောကြား၍ လွတ်ငြိမ်းချမ်းသာ ခွင့်လက်မှတ်များပေးအပ်ခဲ့သည်။

နစက မှ နိုဝင်ဘာ ၁၇ ရက်(ယနေ့)တွင်ကျရောက်သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတစ်ဝှမ်းရှိ အကျဥ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသား၊အကျဥ်းသူ ၅၇၇၄ ဦးအား ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here