ရန်ကုန်တိုင်း လွှတ်‌တော် ဒုဥက္ကဋ္ဌ‌ ဟောင်း၊ NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့် အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လည် လွတ်မြောက်လာ

0
380

ရွှေညဝါ ဆရာတော် ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုမြအေး၊ စာရေးဆရာ မောင်သာချို၊ ဒေါက်တာမျိုးညွှန့်နှင့် ရန်ကုန်တိုင်း လွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးလင်းနိုင်မြင့်၊ ရှေ့နေဦးကျော်ဟိုး အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ယနေ့ နေ့လယ်ပိုင်းက အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်သည်။

ယနေ့ နေ့လယ် (၂) နာရီခွဲဝန်းကျင်က အင်းစိန်အကျဉ်း ထောင်အတွင်းမှ အကျဉ်းသားများ စတင်လွှတ်ပေးခဲ့ခြင်း ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားအများစုလည်း ပြန် လည်လွတ်မြောက်လာကြောင်း သိရသည်။

အင်းစိန်အကျဉ်းထောင်အတွင်း YBS ယာဉ်များဖြင့် တင် ဆောင်ကာ နီးစပ်ရာ မြို့နယ်များသို့ လိုက်လံပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ယနေ့ လွတ်မြောက်သူများထဲတွင် ပြည်ပနိုင်ငံသား (၄) ဦး ပါဝင်နေပြီး ၎င်းတို့အား ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း နစကက သတင်း ထုတ်ပြန်ထားသည်။

ယနေ့ပြန်လည် လွတ်မြောက်သူများထဲတွင် ဆရာမဒေါ်သန်းမြင့်အောင်လည်း ပါဝင်သည်ဟု သိရသည့်အပြင် ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် သတင်းထောက်အချို့လည်း ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

အကျဉ်းသား ၆၀၀၀ ဝန်းကျင်ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ယနေ့ နံနက်ပိုင်းတွင် နစကက သတင်း ထုတ်ပြန်ထားပြီး အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၆၀၀ နီးပါး ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here