လူမှုထူးချွန်ဆုရရှိသူများ၌ အနုပညာရှင်များလည်းပါဝင်

0
698

နစက ဥက္ကဋ္ဌမှ နိုဝင်ဘာ ၁၇ ရက်(ယနေ့)တွင်ကျရောက်သည့် ၁၀၂ နှစ်မြောက် အမျိုးသားအောင် ပွဲနေ့အား ဂုဏ်ပြုသည့်အနေဖြင့် ချီးမြှင့်အပ်နှင်းသည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ဂုဏ်ထူးဆောင်တံ ဆိပ်များ၏ လူမှုထူးချွန်ဆုရရှိသူများ၌ အနုပညာရှင်များလည်းပါဝင်ကြောင်း သိရသည်။

ဂုဏ်ထူးဆောင်ဘွဲ့များ၊ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခံရသူများကို နစက မှ အမိန့်ကြော်ငြာစာအမှတ်(၂၁၁/၂၀၂၂)ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လူမှုထူးချွန် ပထမအဆင့်တွင် သရုပ်ဆောင်ဦးအောင်လွင်၊ ဒေါ်ဆွေဇင်ထိုက်၊ဒုတိယအဆင့်တွင် ခန့်စည်သူနှင့်ဒိန်းဒေါင်၊ တတိယအဆင့်တွင် ဝေဠုကျော်နှင့်ခိုင်နှင်းဝေတို့အား ချီးမြှင့်အပ်နှင်းခဲ့သည်။

စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့များအ နက် သီရိပျံချီဘွဲ့  ၄၅ ဦးနှင့်ဇေယျကျော်ထင်ဘွဲ့ ၁၉ ဦးကိုလည်း ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် အနုပညာရှင်များအား ချီးမြှင့်အပ်နှင်းသည့် အနုပညာထူးချွန်တံဆိပ်(ပထမအဆင့်) ၁၂ ဦး၊ ဒုတိယအဆင့် ၄၆ ဦး၊ တတိယအဆင့် ၄၀ ဦးတို့ကိုလည်း ချီးမြှင့်ခဲ့သည်။

စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ်များအဖြစ် ဝဏ္ဏကျော်ထင်ဘွဲ့ ၆၅ ဦး၊အလင်္ကာကျော်စွာဘွဲ့  ၇ ဦး၊

သိပ္ပံကျော်စွာဘွဲ့ ၈ ဦး၊တပ်မတော်ဆိုင်ရာစွမ်း ရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်သူရဲကောင်းမှတ်တမ်းဝင် ၃ ဦး၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ် ရဲသီဟတံ ဆိပ် ၁ ဦး၊ ရဲသူရတံဆိပ် ၂၁ ဦး၊ ရဲဗလတံဆိပ် ၁၅၅ ဦး၊စွမ်ဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံ ဆိပ်များအဖြစ် ရဲသူရိန်တံဆိပ်် ၁ ဦး၊ရဲကျော်စွာတံဆိပ် ၁ ဦး၊ရဲကျော်သူတံဆိပ် ၅ ဦးတို့အား ချီးမြှင့်ခဲ့သည်။

ထို့အတူ စီမံထူးချွန်တံဆိပ်(ပထမအဆင့်) ၁၈၈ ဦး၊ ဒုတိယအဆင့် ၈ ဦး၊ တတိယအဆင့် ၂၀ ဦး၊လူမှုထူးချွန်တံဆိပ်(ပထမအဆင့်) ၄၉ ဦး၊ ဒုတိယအဆင့် ၄၃ ဦး၊ တတိယအဆင့် ၉၃ ဦးတို့ကိုလည်း ချီးမြှင့်ခဲ့သည်။

စီးပွားထူးချွန်တံဆိပ်များအဖြစ် လယ်ယာစီးပွားထူးချွန်တံဆိပ်(ပထမအဆင့်) ၁၁ ဦး၊စက်မှုစီးပွားထူးချွန်တံဆိပ်(ပထမအဆင့်) ၂၃ ဦး၊ဝန်ဆောင်စီးပွားထူးချွန်တံဆိပ်(ဒုတိယအဆင့်) ၄ ဦး၊ဝန် ဆောင်စီးပွားထူးချွန်တံဆိပ်(တတိယအဆင့်) ၈၀ ဦးတို့ကိုလည်း ချီးမြှင့်အပ်နှင်းခဲ့သည်။

ပညာရပ်ဆိုင်ရာထူးချွန်တံဆိပ်များတွင် သိပ္ပံပ ညာထူးချွန်တံဆိပ်(ပထမအဆင့်) ၂ ဦး၊ဝိဇ္ဇာပညာထူးချွန်တံဆိပ်(ပထမအဆင့်) ၁ ဦး၊ တတိယအဆင့် ၁ ဦး၊နည်းပညာထူးချွန်တံဆိပ်(တတိယအဆင့်) ၁၂ ဦး၊ စာပေပညာထူးချွန်တံဆိပ်(ပထမအဆင့်) ၅ ဦး၊ ဒုတိယအဆင့် ၃  ဦး၊တတိယအဆင့် ၂ ဦးတို့ကိုလည်း ချီးမြှင့်အပ်နှင်းခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here