နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း မဟာသရေစည်သူဘွဲ့ ချီးမြှင့်ခံရ

0
342

နစက ဥက္ကဋ္ဌမှ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ဂုဏ်ပြုသည့်အနေဖြင့် ဂုဏ်ထူး ဆောင်ဘွဲ့များ၊ဂုဏ်ထူးဆောင်တံဆိပ်များအား နစက ၏အမိန့်ကြော်ငြာစာအမှတ်(၂၁၁/၂၀၂၂) ဖြင့် နိုဝင်ဘာ ၁၇ ရက်(ယနေ့)တွင် ထုတ်ပြန်ကြော်ငြာခဲ့သည်။

နစက ဥက္ကဋ္ဌမှချီးမြှင့်သည့် ပြည်ထောင်စုသင်္ဂဟဘွဲ့များဖြစ်သော မဟာသရေစည်သူဘွဲ့အား နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း အားချီးမြှင့်အပ်နှင်းခြင်းခံခဲ့ရသည်။

ထို့ပြင် စည်သူဘွဲ့များအား နစက အဖွဲ့ဝင်များဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွှန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဦးရွှေကြိမ်း၊ ဒေါက်တာဗညားအောင်မိုး တို့လည်းချီးမြင့်အပ်နှင်းခံခဲ့ရသည်။

နစက ၏အတွင်းရေးမှူးဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့်တွဲဖက်အတွင်းရေးမှူး ဒု-ဗိုလ် ချုပ်ကြီးရဲဝင်းဦးတို့လည်း စည်သူဘွဲ့ချီးမြှင့်အပ် နှင်းခံခဲ့ရသည်။

စည်သူ့ဘွဲ့အား နစက အဖွဲ့ဝင်များ၊အတွင်းရေးမှူးနှင့်တွဲဖက်အတွင်းရေးမှူးတို့အပါအဝင် ၄၁ ဦးအား ချီးမြှင့်အပ်နှင်းခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here