မြန်မာနိုင်ငံသား ရခိုင်လူမျိုးတစ်ဦး မလေးရှား ၆ လုံးထီပေါက်၍ မြန်မာငွေကျပ်သိန်း ၁၂၀၀ ကျော်ရ

0
520

မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသား ရခိုင်လူမျိုးတစ်ဦး မလေးရှား ၆ လုံးထီပေါက်၍ မြန်မာငွေကျပ်သိန်း ၁၂၀၀ ကျော်ရရှိခဲ့သည်ဟု နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ သိရသည်။

အဆိုပါ ရခိုင်လူမျိုးသည် နိုဝင်ဘာ ၁၂ ရက်ကဖွင့်လှစ်ခဲ့သည့် မလေးရှား ၆ လုံးထီ ရင်းဂစ် ၂ ကျပ်ဖိုးပေါက်ခဲ့သဖြင့် မလေးရှားရင်းဂစ် ၂ သိန်းရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရခိုင်လူမျိုးသည် ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၌ နေထိုင်သူဖြစ်ပြီး မလေးရှားထီပေါက်ရာတွင် လိုက်ပါကူညီပေးခဲ့သည့် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)အသင်းအား ရင်းဂစ် ၅၀၀၀ လှူဒါန်းခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here