မင်္ဂလာဒုံမြို့နယ်၌ ကရိန်းကားနှင့်ဆိုင်ကယ်တိုက် ၍ ဆိုင်ကယ်မောင်းသူသေဆုံး

0
312

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်တွင် နိုဝင်ဘာ ၁၇ ရက်‌နေ့ညပိုင်းက ကရိန်းကားနှင့်ဆိုင်ကယ်တိုက်မိခဲ့သည်ဟု လူမှုဘဝစောင့်ရှောက်ရေးပရ ဟိတအသင်းမှ သိရသည်။

ည ၇ နာရီကျော်ခန့်က မင်္ဂလာဒုံမြို့နယ်၊တညင်းကုန်းနှင့်ခရေပင်လမ်းကြားရှိ အစာစပ်မှတ်တိုင်အနီးတွင် ကရိန်းကားနှင့်အမျိုးသား ၂ ဦးစီးလာသည့် ဆိုင်ကယ်တို့တိုက်မိခဲ့ခြင်းဖြစ် သည်။

“ဆိုင်ကယ်က ကယ်ရီဆိုင်ကယ်ပါ အောင်မင်္ဂလာအဝေးပြေးကနေဌားလာတာလို့သိရတယ် ဌားစီးလာတဲ့လူက လွတ်ငြိမ်းနဲ့ပြန်လွတ်လာတဲ့လူပါ စာရွက်စာတမ်းတွေပါတယ်”ဟု လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း ဥက္ကဋ္ဌကိုဇော်ကြီးကပြောသည်။

ဖြစ်စဥ်တွင် ဆိုင်ကယ်မောင်းနှင်သူမှာ ဦးနှောက်ပွင့်ထွက်၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး လိုက်ပါလာသူမှာလည်း ခြေထောက်ကျိုးသွားခဲ့ကြောင်း သိရသည်။

“ကရိန်းကားသမားက အခင်းဖြစ်နေရာမှာပဲရှိပါတယ် ယာဥ်မှုစစ်တွေရောက်လာပြီး စစ်ဆေးတာတွေလုပ်နေကြတယ် စစ်ဆေးတာတွေပြီးတော့ ကျွန်တော်တို့အသင်းက Dead Body ကို အင်းစိန်ဆေးရုံပို့ပေးခဲ့ပါတယ် PR-25 နဲ့အပ်ခဲ့ပါတယ်”ဟု လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း ဥက္ကဋ္ဌကိုဇော်ကြီးကပြောသည်။

ထို့ပြင် ခြေထောက်ကျိုးသွားခဲ့သူအား ဆေးကုသမှုခံယူရန် ကြယ်စင်မေတ္တာလူမှုကူညီရေးအသင်းမှ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here