အကျဥ်းသား ၆၀၀၀ ခန့်အား ပြစ်ဒဏ်များမှလွတ် ငြိမ်းခွင့်ပြုခြင်းအားကြိုဆိုဟု မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးထုတ်ပြန်

0
231

နိုဝင်ဘာ ၁၇ ရက်ကကျရောက်ခဲ့သည့် (၁၀၂)နှစ် မြောက် အမျိုးသားနေ့အား ဂုဏ်ပြုသည့်အနေဖြင့် နစက မှတစ်နိုင်ငံလုံးရှိ အကျဥ်းထောင်အသီး သီးမှ အကျဥ်းသား၊အကျဥ်းသူ ၅၇၇၄ ဦးအား ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းအား မြန်မာ နိုင်ငံဆိုင်ရာ ကနေဒါသံရုံ(ရန်ကုန်)မှ ကြိုဆိုသည်ဟု နိုဝင်ဘာ ၁၈ ရက်(ယနေ့)တွင် ထုတ်ပြန်ခဲ့သည်။

ကနေဒါသံရုံး(ရန်ကုန်)၏ထုတ်ပြန်ချက်၌ နိုင်ငံ ရေးအကျဉ်းသား ၇၀၀ ကျော်အပါအဝင် အကျဉ်း သား ၆၀၀၀ ခန့်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းအား ကနေဒါနိုင်ငံကကြိုဆိုသည်ဟု ရေး သားထားသည်။

လွတ်မြောက်လာသူများသည်လည်း ၎င်းတို့ ချစ ခင်ရသူများနှင့်လုံခြုံစွာပြန်လည်ဆုံစည်းနိုင်လိမ့် မည်ဟုမျှော်မှန်းကာ နိုင်ငံခြားသားများ လွတ် မြောက်လာခြင်းနှင့်၎င်းတို့၏ မိခင်နိုင်ငံများသို့ လုံခြုံစွာပြန်သွားနိုင်ခြင်းတို့ကိုလည်း ကနေဒါနိုင် ငံကကြိုဆိုသည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

နိုင်ငံရေးအကျဉ်းသားအားလုံးနှင့်ဖမ်းဆီးချုပ်နှောင်ခံရသူများအားလုံးလွတ်မြောက်ရေးကို ကနေဒါနိုင်ငံမှ ဆက်လက်တောင်းဆိုသည်ဟုလည်း ကနေဒါသံရုံး(ရန်ကုန်)၏ထုတ်ပြန်ချက်၌ ရေး သားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here