ရေကျော်မှ အရောင်းဆိုင်တစ်ဆိုင် အုပ်စုဖွဲ့ ဖောက်ထွင်းခံရပြီး တန်ဖိုးကြီးပစ္စည်းများ ပါသွား

0
510

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော် City Mart အနီး ဆေးလိပ် အစားထိုးသုံးစက် ရောင်းချသည့်ဆိုင်တစ်ဆိုင်သည် ယနေ့ (နို၀င်ဘာ ၁၈)နံနက်ပိုင်းက ဖောက်ထွင်းခံခဲ့ရကြောင်း သိရသည်။

ဖောက်ထွင်းခံရသည့်ဆိုင်မှာ House Of Flavors ဆိုင်ဟု သိရပြီး ယနေ့ နံနက် ၃ နာရီ ၅၃ မိနစ်ခန့်တွင် လူ ၆ ဦးက ဖောက်ထွင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ ဆိုင်အတွင်း တန်ဖိုးကြီး ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။

အဆိုပါဆိုင်တွင် ၀န်ထမ်းတစ်ယောက်မှ ညအိပ်စောင့်သော်လည်း၊ အိပ်ငွေ့ချပြီး ဆိုင်မှတန်ဖိုးကြီးသည့် ပစ္စည်းများကိုသယ်ဆောင်သွားကြောင်း၊ လူကို အန္တရယ်မပေးခဲ့ကြောင်း သိရသည်။

ကျူးလွန်သူများမှာ အမျိုးသား ၄ ဦးနှင့် အမျိုးသမီးနှစ်ယောက်ဖြစ်ပြီး ဆိုင်နောက်ဖေးမှန် တံခါးရှိ သံပန်းကို ဖျက်ဆီးကာ ဆိုင်အတွင်းမှ တန်ဖိုးကြီးပစ္စည်းများ ကာလတန်ဖိုး သိန်း (၇၀) ကျော်ပါသွားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဖောက်ထွင်းခံရမှုကြောင့်ပုဇွန်တောင်မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here