ချိတ်ပိတ်သိမ်းဆည်းထားသည့် အရာများကို ပြည်သူ့ဘဏ္ဍာအတွက် အသုံးပြုမည်ဟုနစက ပြောခွင့်ရသူပြောကြား

0
351

ချိတ်ပိတ်သိမ်းဆည်းထားသည့် အဆောက်အဦများ၊ ငွေကြေးများနှင့် လုပ်ငန်းများကို အမှုများပြီးပြတ်အမိန့်ချပြီးပါက ပြည်သူ့ဘဏ္ဍာအဖြစ် ပြန်လည် သုံးစွဲသွားမည်ဟု နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

နေပြည်တော်တွင်ပြုလုပ်သည့် နစက၏ (၂၁) ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။

” သူတို့ဆီက ဖမ်းဆီးရမိတဲ့ ဟာတွေကိုပေါ့ ၊ ပြည်သူ့ဘ ဏ္ဍာအဖြစ် သိမ်းဆည်းမှာဖြစ်ပါတယ်။ ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းအမိန့်ချပြီးတဲ့အခါမှာ စီမံခန့်ခွဲမှုလုပ်ငန်း တွေအရ ပြည်သူ့ဘဏ္ဍာထဲ ပြန်ဝင်မှာပဲ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

နစက အနေဖြင့် ဥပဒေနှင့် ညှိုစွန်းသည့်ကုမ္ပဏီများ၊ နေအိမ်များ၊ မော်တော်ယာဉ်များကို ချိတ်ပိတ်သိမ်းဆည်းထားပြီး အမှုဖွင့်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ ချိတ်ပိတ်သိမ်းဆည်းမှုများတွင် မန္တလေးမြို့မှ ကျောက်စိမ်း လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးကျော်သူရ ၏ မြန်မာသူရ ကျောက်စိမ်းကုမ္ပဏီပိုင် ပစ္စည်းများ ချိတ်ပိတ်သိမ်းဆည်းခံရခြင်းသည် အထင်ကရ ဖြစ်သည်။

နစကအနဖြင့် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ထုတ်ပြန်ရာတွင် ဦးကျော်သူရ အနေဖြင့် NUG ,CRPH , PDF များအား ထောက်ပံ့မှုများကြောင့် ၎င်းပိုင် လုပ်ငန်းများ၊ နေ အိမ်နှင့် ၊ ကုမ္ပဏီ လုပ်ကွက်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် ငွေကြေးများကို ချိတ်ပိတ်သိမ်းဆည်းခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြမှုများ ရှိသည်။

အဆိုပါ သိမ်းဆည်းမှုများကို ဥပဒေအရ အမိန့်ချပြီးပါက စီမံခန်ခွဲမှု လုပ်ငန်းစဉ်များအရ ပြည်သူ့ဘဏ္ဍာတွင် ထည့်သွင်း အသုံးပြုသွားမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားသွားခဲ့ခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here