ပြန်ကြားရေးဝန်ကြီးဟောင်း ဒေါက်တာဖေမြင့်ကို ရန်ကုန်သို့ ပြန်ခွင့်ပြု

0
294

ယမန်နေ့က နစက၏ ဘွဲ့တံဆိပ်ချီးမြင့်ခံရသူများထဲတွင် ပါဝင်သည့် ပြန်ကြားရေး ဝန်ကြီးဟောင်း ဒေါက်တာဖေမြင့်ကို ရန်ကုန်သို့ ပြန်ခွင့်ပြုလိုက်ပြီး လမ်းတွင်ရောက်ရှိနေကြောင်း နီးစပ်သူများထံမှ သိရသည်။

NLD အစိုးရ လက်ထက် ပြန်ကြား​ရေးဝန်ကြီး ဦ​ဖေမြင့် သည် နစက တက်လာပြီး ​နောက်ပိုင်း ခေါ်ယူစစ်ဆေးခြင်းခံရကာ ၎င်းအား အကျယ်ချုပ်ဖြင့် ထားထားခြင်း ဖြစ်ကြောင်း နီးစပ်သူများထံမှ တဆင့် သိရသည်။

နိုဝင်ဘာ (၁၇) ရက်က နစက၏ သီရိပျံချီဘွဲ့ချီးမြင့် ခံရပြီးနောက် ယနေ့ နိုဝင်ဘာ (၁၈) ရက်တွင် ရန်ကုန်သို့ ပြန်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယမန်နေ့က ဘွဲ့တံဆိပ်ရရှိသူများထဲတွင် NLD အစိုးရလ က်ထက် ဝန်ကြီးများနှင့် ဒုဝန်ကြီးအချို့လည်း ပါဝင်နေသည်ကို နစက၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ ဆုရသူများထဲတွင် ပြန်ကြားရေး ဒုဝန်ကြီးဟော င်း ဦးအောင်လှထွန်း ၊ စိုက်ပျိုးရေးဝန်ကြီး ဒေါက်တာအောင်သူ အပါအဝင် NLD အစိုးရလက်ထက် ဝန်ကြီးများလည်း ပါဝင်နေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here