ပြည်တွင်း၌လျှပ်စစ်ကားများ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ရန် လျှပ်စစ်သုံးယာဥ်ဆက်စပ်လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကာလတို၊ကာလလတ်၊ကာလရှည် အပိုင်းအခြားသုံးခုပေး၍ အားပေးဆောင်ရွက်သွားမည်

0
243

လျှပ်စစ်ကားများပြည်တွင်း၌ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ရေးနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့ခြင်းဖြစ်သည်။

နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၂၁ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲအား နိုဝင်ဘာ ၁၈ ရက်နေ့လည် ၁ နာရီက နေပြည်တော်၌ပြုလုပ်ရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“လက်ရှိမှာ လျှပ်စစ်ကားတွေ တင်သွင်းဖို့တင်ပြလာတဲ့ကုမ္ပဏီပေါင်း ၂၆ ခုရှိပါတယ် ခွင့်ပြုပြီးတဲ့ကုမ္ပဏီတော့မရှိပါဘူး လျှပ်စစ်ကားတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်က အမျိုးသားအဆင့် လျှပ်စစ်သုံးယာဥ်များနှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

အဆိုပါ ကော်မတီ၌ လုပ်ငန်းကော်မတီ ၅ ခုဖွဲ့ခဲ့ပြီး လျှပ်စစ်သုံးယာဥ်များနှင့်ဆက်စပ်ပစ္စည်းများအတွက် အခွန်လျော့ခြင်းနှင့်ပံ့ပိုးမှုများအား လျှပ် စစ်သုံးယာဥ်နှင့်ဆက်စပ်ပစ္စည်းများအထူးသက် သာခွင့်များညှိနှိုင်းရေး ကြီးကြပ်ရေကော်မတီမှ ဆောင်ရွက်သွားမည်ဟု ပြောသည်။

ထို့ပြင် လျှပ်စစ်သုံးယာဥ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးမူကြမ်းအား နိုင်ငံတော်အဆင့် အတည်ပြုထုတ်ပြန်နိုင်ရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

“ဒါတွေပြီးသွားရင် အများပြည်သူသိနိုင်ဖို့ ထုတ်ပြန်သွားမှာပါ မူဝါဒအနေနဲ့ ပြည်တွင်းမှာလျှပ်စစ်ကားတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုလာနိုင်ဖို့အတွက် လျှပ်စစ်သုံးယာဥ်တွေ ဆက်စပ်လုပ်ငန်းတွေ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေဖို့ ကာလတို၊ကာလလတ်၊ ကာလရှည် အပိုင်းအခြားသုံးခုပေးပြီး အားပေးဆောင်ရွက်သွားမှာပါ”ဟု ဗိုလ် ချုပ်ဇော်မင်းထွန်းကပြောသည်။

လျှပ်စစ်ဓာတ်အားသွင်းသည့် ရုံအရေအတွက်အလိုက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးရန် ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

“လက်ရှိမှာ တင်သွင်းခြင်းဆိုင်ရာလမ်းညွှန်ချက်တွေ အခွန်အခကင်းလွတ်ခွင့်ဆိုင်ရာ အမိန့်စာတွေ သမရိုးကျလောင်စာဆီသုံးယာဥ်ကနေ လျှပ် စစ်သုံးယာဥ်ကို ပြောင်းလဲထုတ်လုပ်တင်သွင်းတဲ့နည်းပညာဆိုင်ရာစည်းမျဥ်းစည်းကမ်းချက် စံချိန်စံညွှန်းတွေကို ထုတ်ပြန်ထားပြီးဖြစ်ပါတယ် မူဝါဒတွေနဲ့ပတ်သက်ရင်ဆက်လက်ထုတ်ပြန်ပေးသွားဖို့ရှိပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြော သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here